ရှေ့သို့
Image

ကွန်ပနီထွက်ခွာသွားစဉ်က ငိုကြွေးခဲ့ရကြောင်း ဇင်ချန်ကို ၀န်ခံ

9:16 AM, 22 July

မန်စီးတီး ဘယ်နောက်ခံလူ ဇင်ချန်ကိုက အသင်းခေါင်းဆောင် ကွန်ပနီ ထွက်ခွာသွားစဉ်မှာ ငိုကြွေးခဲ့ရကြောင်းနဲ့ ဘယ်လ်ဂျီယံသားက သူ့အပေါ် ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေ မြင့်တက်လာအောင် သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အန်ဒါလက်ခ်ျအသင်းကို ကစားသမား-နည်းပြ ရာထူးဖြင့် ပြောင်းရွေ့သွားခဲ့တဲ့ ကွန်ပနီဟာ ဇင်ချန်ကို ခံစစ်စွမ်းရည်တွေ တိုးတက်အောင် အချိန်ပို လေ့ကျင့်ခန်းတွေနဲ့  ကူညီပေးခဲ့ပါတယ်။

ကွန်ပနီဟာ ဇင်ချန်ကို မရင်းနှီတဲ့ နေရာဖြစ်တဲ့ ဘယ်နောက်ခံလူ နေရာကို ကစားတတ်လာအောင် လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဇင်ချန်ကိုဟာ ယမန်နှစ်ရာသီက နည်းပြ ဂွာဒီယိုလာရဲ့ လက်ထက် ဘယ်နောက်ခံလူအဖြစ်သာ ကစားခဲ့ရပြီး ကွန်ပနီ ထွက်ခွာသွားစဉ်မှာ ငိုကြွေးခဲ့ရကြောင်း ရင်ဖွင့်ခဲ့ပါတယ်။

"ကျွန်တော် ကွန်ပနီဆီကနေ သင်ယူဆဲ ဖြစ်ပြီး သူက အတော်လေး ကူညီခဲ့ပါတယ်။ ကွင်းတွင်းမှာ ဖြစ်စြဖ် ကွင်းပြင်မှာ ဖြစ်ဖြစ် နေရာယူတတ်ဖို့ကို ပြောပြခဲ့ပါတယ်။ သူ ကျွန်တော့်ကို အချိန်ပို လေ့ကျင့်ခန်းတွေ ဆင်းပြီး မိစန် ၄၀လောက် အတူတူ လေ့ကျင့်ပေးခဲ့ပါတယ်။ အရိုးသားဆုံး ပြောရရင် ကွန်ပနီထွက်သွားစဉ်က ကျွန်တော် ငိုကြွေးခဲ့ပါတယ်။ သူ့ကို ကျွန်တော် အဆက်အသွယ် မပြတ်ချင်ပါဘူး။ ကျွန်တော်အတွက်တော့ သူက ဂန္တ၀င်တစ်ယောက်ပါပဲ"လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဇင္ခ်န္ကို