ရှေ့သို့
Image

အာဆင်နယ်ကို ရောက်ရှိဖို့ နီးစပ်လာတဲ့ ကွင်းလယ်လူ ဆီဘယ်လော့စ်

8:54 AM, 22 July

အာဆင်နယ်အသင်းဟာ ဒန်နီ ဆီဘယ်လော့စ်ကို အမ်းမရိတ်သို့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဆီဘယ်လော့က အသင်းမှ ထွက်ခွာလိုနေတာ ဖြစ်ပြီး ရီးရဲလ်အသင်းကလည်း ၎င်းကို ရေရှည်မှာ အကျိုးရှိလာမယ့် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ပြီး အာဆင်နယ်အသင်းကို အငှားဖြင့် ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကတော့ ဒီအပြောင်းအရွှေ့ကာလမှာ ဘတ်ဂျက် အခြေအနေ ကျပ်တည်းလျက်ရှိပြီး ဂျူဗီသို့အလွတ်ဖြင့် ပြောင်းရွှေ့သွားတဲ့ အာရွန် ရမ်ဆေးရဲ့ နေရာတွင် အဆိုပါ ကွင်းလယ်လူက အစားထိုးဖို့ သင့်လျော်လိမ့်မယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နည်းပြ အမ်မရီက ရမ်ဆေးရဲ့ နေရာမှာ ဆီဘယ်လော့စ်ကို ယာယီ အစားထိုးထားကာ အဆိုပါ ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးကို တခြားသော ရန်ပုံငွေတွေမှ ရှာဖွေနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၂ အရွယ် ဆီဘယ်လော့ကို မြောက်လန်ဒန် ပြိုင်ဖက် စပါးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အမ်မရီဟာ ဇာဟာ ၊ တီယာနေးနဲ့ ဗဟိုနောက်ခံလူ တစ်ဦးကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းးရဲ့ အမှုဆောင်ချုပ် ရာအူးလ် ဆန်ဟီလီဟာ အမေရိကန်ကနေ လန်ဒန်ကို ပြန်သွားခဲ့ပြီး အပြောင်းရွှေ့ကိစ္စတွေကို ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ အမေရိကန်မှာ ရာသီကြိုပွဲစဉ်တွေကို သွားရောက် ယှဉ်ပြိုင် ကစားနေတာ ဖြစ်ပါတယ်။

#ဆီဘယ်လော့စ်