ရှေ့သို့
Image

လီဗာပူး ၁ - ၂ : ဆီဗီလာကိုထပ္မံရံႈးနိမ့္ခဲ့တဲ့ လီဗာပူး

7:50 AM, 22 July

လီဗာပူးအသင်းဟာ ဒေါ့မွန်အသင်းကိုရှုံးနိမ့်ပြီးနောက် အခု ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာလည်း နှစ်ဂိုးတစ်ဂိုးနဲ့ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
ပွဲစပြီး ၁၀မိနစ်အကြာမှာပဲ ဆီဗီလာအသင်းကစားသမား ဒီဂျောင်ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ ဆီဗီလာအသင်းဦးဆောင်ဂိုးရမယ့်အခွင့်အရေးတစ်ရပ်နဲ့လွဲချော်ခဲ့ပါတယ်။
အဲ့နောက် ပွဲကစားချိန် ၁၄မိနစ်မှာလည်း ဆီဗီလာအသင်းကစားသမား အိုကန်ပို့စ်ထပ်မံကန်သွင်းခွင့်ရခဲ့ပေမယ့်လွဲချော်ခဲ့ပြန်ပါတယ်။
ပွဲကစားချိန် ၃၇မိနစ်မှာတော့ ဆီဗီာလာအသင်းကဦးဆောင်ဂိုးရရှိခဲ့ပြီး အဆိုပါသွင်းဂိုးကိုတော့ အသင်းဖော် ဖာနန်ဒိုရဲ့ပေးပို့မှုကနေ တိုက်စစ်မှူး နိုလီတိုကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပွဲကစားချိန် ၄၄မိနစ်မှာတော့ လီဗာပူးအသင်းချေပဂိုးပြန်လည်ရရှိခဲ့ပြီး နောက်ခံလူ အာနိုးရဲ့ထောင့်ကန်ဘောကနေ ခေါင်းတိုက်လို့ပြန်ထွက်လာတာကို တိုက်စစ်မှူး အော်ရီဂီကအနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းပြီးဆုံးချိန်မှာတော့ တစ်ဖက်တစ်ဂိုးဆီသရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ၂သင်းစလုံးဂိုးကန်သွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးတွေနဲ့ဝေးကွာခဲ့ရပါတယ်။
ပွဲကစားချိန် ၇၆မိနစ်မှာတော့ ဆီဗီလာအသင်းနောက်ခံလူ ဂန်နာနွန် ကစားပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း လီဗာပူးအသင်းကတော့ အခွင့်အရေးကိုအကောင်းဆုံးအသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။
ဆီဗီလာအသင်းအတွက်အနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား ပိုဇီုက လီဗာပူးဂိုးသမား မစ်နိုလက်ကိုကျော်ဖြတ်ပြီး သွင်းယူပေးခဲ့ပါတယ်။

#လီဗာပူး #ဆီဗီလာ #အိုရီဂီ