ရှေ့သို့
Image

အင်တာနေရှင်နယ်ချန်ပီယံဖလား၊ ဂျူဗင်တပ်စ် - စပါး ပွဲကြိုခန့်မှန်းချက် (ယနေ့ညနေ ၆း၀၀)

3:26 PM, 21 July

နှစ်သင်းစလုံးအတွက် ပထမဆုံးရာသီကြိုခြေစမ်းပွဲဖြစ်ပြီး လူစုံထုတ်သုံးလာဖို့လည်း များပါတယ်။ စပါးက ယမန်နှစ်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တာကို ရာသီသစ်မှာလည်း ထပ်မံလုပ်ပြနိုင်ဖို့ နွေရာသီဈေးကွက်မှာ အင်အားဖြည့်တင်းမှုတွေပြုလုပ်နေပါတယ်။ ဂျူဗင်တပ်စ်ကလည်း ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့ ဆက်လက်ကြိုးစားနေပြီး အေဂျက်စ်နောက်ခံလူ ဒီလစ်ဂ်ျအပြင် ရမ်ဆေးနဲ့ ရာဘီယော့တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပါတယ်။ အခုကျင်းပနေတဲ့ အင်တာနေရှင်နယ်ချန်ပီယံဖလားပွဲတွေက ကြေးပြောင်းဖော်လိုသီအိုရီနဲ့ ကွက်တိဝင်တာများပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲစလုံး ကြေးပြောင်းသွားတဲ့အတိုင်း ကွက်တိဝင်ခဲ့ပြီး အထူးသဖြင့် ကြေးတွေသိသိသာသာမြင့်တက်ခဲ့တဲ့ ဘင်ဖီကာဘော်ဒီနဲ့ အာဆင်နယ်ဘော်ဒီတို့ လွတ်လွတ်ကျွတ်ကျွတ်အောင်သွားပြီး ရီးရဲလ်ဂိုးပေါ်ကလည်း အောင်သွားပါတယ်။ အဓိကအချက်ကတော့ လူစာရင်းအပေါ် မူတည်ပြီး ကြေးပြောင်းတာဖြစ်ပြီး အခုလည်း ဘော်ဒီကြေးက သိပ်မပြောင်းပေမယ့် ဂိုးပေါင်းကြေးကတော့ ပြောင်းလဲနေပါတယ်။ ဂျူဗင်တပ်စ်က မူလဖွင့်လှစ်မှု -၆၅ ၀န်းကျင်မှာပဲ ငြိမ်သက်နေပေမယ့် ဂိုးပေါင်းကတော့ ၃+၉၀ ကနေ ၃+၆၀ ဖြစ်လာပါတယ်။ တကယ်လည်း နှစ်သင်းစလုံးဂိုးသွင်းအားကောင်းနေလို့ ဂိုးပေါ်ကစားရင် အနည်းဆုံးပြား ၆၀ တော့ရမယ်ထင်ပါတယ်။

#စပါး #ပှဲကွိုသုံးသပျခကျြ #အင်တာနေရှင်နယ်ချန်ပီယံဖလား