ရှေ့သို့
Image

အင်တာနေရှင်နယ်ချန်ပီယံဖလား၊ ယူနိုက်တက် - အင်တာမီလန် (ယနေ့ညနေ ၆း၀၀)

12:27 PM, 20 July

နှစ်သင်းစလုံးအတွက် အင်တာနေရှင်နယ်ချန်ပီယံဖလားအဖွင့်ပွဲဖြစ်ပေမယ့် ယူနိုက်တက်က ပါ့သ်မှာ ခြေစမ်းပွဲ ၂ပွဲကစားပြီးဖြစ်ကာ ၂ပွဲစလုံး ပေးဂိုးမရှိ ဂိုးပြတ်အနိုင်ရရှိထားပါတယ်။ ဒီပွဲကို စင်ကာပူအမျိုးသားကွင်းမှာ ကျင်းပမှာဖြစ်ပြီး နှစ်သင်းစလုံး လူစုံထုတ်ကစားလာဖို့ များနေပါတယ်။ ယူနိုက်တက်က ရာသီကြိုခြေစမ်းပွဲတွေမှာ လူငယ်တွေရဲ့အားနဲ့ တောက်လျှောက်ခြေစွမ်းပြနေပေမယ့် အခုမှ အသင်းကြီးနဲ့စတင်ခြေစမ်းရမှာဖြစ်လို့ အတွေ့အကြုံကောင်းတွေရရှိလာနိုင်ပါတယ်။ အင်တာမီလန်က ခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေတဲ့ယူနိုက်တက်တိုက်စစ်မှူး လူကာကူကတော့ ဒီပွဲမှာ ပါဝင်လာဦးမှာမဟုတ်ဘဲ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ ပွဲထွက်ခွင့်ရရှိလာနိုင်ပါတယ်။ အင်တာမီလန်မှာ အဓိကတိုက်စစ်မှူး မာတီနက်ဇ်ပါဝင်မလာဘဲ တိုက်စစ်ပိုင်း ရုန်းကန်ရလာနိုင်ပါတယ်။ ယူနိုက်တက်က ကြေးသိသိသာသာမပြောင်းလဲသေးဘဲ မူလဖွင့်လှစ်မှု -၅၀ ကနေ -၆၅ ဖြစ်လာပြီး ဂိုးပေါင်းကလည်း ၃+၄၀ ကနေ ၃+၃၅ ဖြစ်လာပါတယ်။ ယူနိုက်တက်ကိုပဲ အားပေးရမယ့်ပွဲဖြစ်ပါတယ်။း

#မန်ချက်စတာယူနိုက်တက် #ပွဲကြိုသုံးသပ်ချက် #အင္တာေနရွင္နယ္ခ်န္ပီယံဖလား