ရှေ့သို့
Image

မြက်ခင်းစိမ်းတွေပေါ်မှာ ပြန်တွေ့ကြမယ့် ဒရော့ဘာနဲ့ ရော်နယ်ဒင်ဟို

11:34 AM, 19 July

ချဲလ်ဆီး ဂန္တ၀င် တိုက်စစ်မှူးဟောင်း ဒရော့ဘာဟာ မေဂျာလိဂ် အသင်းဖြစ်တဲ့ မွန်ထရီရယ်အင်ပတ်အသင်းမှာ ပါဝင်ကစားပြီး ရော်နယ်ဒင်ဟို ပါဝင်တဲ့ အသင်းနဲ့ ဂန္တ၀င် ပွဲစဉ်အဖြစ် သြဂုတ်လမှာ ရင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။

ဒရော့ဘာဟာ ကစားသမားဘ၀ မပြီးဆုံးခင် ၂၀၁၆ခုနှစ်က မွန်ထရီရယ်အင်ပတ်အသင်းမှာ ကစားခဲ့ပြီး ၁၈လအတွင်းမှာ ၃၃ ပွဲ ကစားပြီး ၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ယခုအချိန်မှာတော့ ရန်ပုံငွေ ပွဲစဉ်မှာ အသင်းဟောင်းဘက်က ပါဝင်ကစားပေးပြီး ရော်နယ်ဒင်ဟိုနဲ့ ရင်ဆိုင်သွားတော့မှာ ဖြစ်ပါတယ်။

ပါဝင်မယ့် ကစားသမားတွေကတော့ မွန်ထရီရယ်အင်ပတ် : ဆတ်တိုရီ၊ ဒရော့ဘာ၊၊ ဘီယယ်လို၊ ဂျက်စတင် မတ်၊ ကင်မရွန်း ပေါ်တာ၊ ကာမာရာ၊ ပီယာ့စ်၊ ဘရော့ဗ်စကီ၊ လီဒတ်၊ ဒီ ဆန်တစ်၊ဓ ပီဇိုလီတို၊ ပလာဆန်တီနို၊ လီဖီဗရီ

ဘရာဇီးလ် - ရာဖေးလ်၊ ဘာဘိုဆာ၊ ဖာနန်ဒို၊ ကိုလမ်ဘရာ၊ ကာဗယ်လ်ဟို၊ ဖာဘရီစီယို ကာဗယ်လ်ဟို၊ မီနီဇက်စ်၊ ရော်နယ်ဒင်ဟို၊ အာဆစ်၊ ဘရန်၊ ဖီလစ်ပီ အာဒါအို၊ ဆန်ဒါ၊ အီဒင်ဟို

နည်းပြအဖွဲ့ : ကာလီ ဆီဘီ၊ နီရူ မေဒါနာ၊ အီဒင်ဟို၊ ဂျူနီယာ

#ဖီဖာ #ရော်နယ်ဒင်ဟို #ဒရော့ဘာ