ရှေ့သို့
Image

အင်္ဂလိပ်စကား သင်ယူနေတဲ့ အာဆင်နယ်ပစ်မှတ် အဲဗာတန်

11:16 AM, 19 July

အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ကစားသမား အဲဗာတန်ဟာ အင်္ဂလိပ်စကား သင်ယူနေတဲ့ခဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာတာကြောင့် လန်ဒန်အသင်းကို ပြောင်းရွေ့တော့မယ်ဆိုတဲ့ သတင်းတွေ ပိုမို ထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဲဗာတန်ကို ပေါင် ၃၆ သန်း ၀န်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဘရာဇီးက လာတဲ့ သတင်းတွေအရ လန်ဒန် အသင်းဟာ ဘရာဇီး ကစားသမားကို ဆေးစစ်ဖို့အတွက်တောင် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲဗာတန်ဟာ ယမန်နေ့ကလည်း အာဆင်နယ်အသင်းက ဘရာဇီး တိုက်စစ်မှူးသစ် မာတီနယ်လီရဲ့ အင်စတာဂရန် အကောင့်ကို followလုပ်ခဲ့တာကြောင့်လည်း အဆိုပါ သတင်းတွေက ပိုမို ကျယ်ပြန့်လာခဲ့ပါတယ်။

အဲဗာတန်ရဲ့ ဇနီး အီဆာ ရာနီရီက အင်စတာဂရမ်မှာ ခင်ပွန်းဖြစ်သူ အင်္ဂလိပ်စာ သင်ယူနေပုံကို ဗီဒီယိုတင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် အဲဗာတန်ကို အဓိက ပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်လာခဲ့တာ ဖြစ်ပါတယ်။

မန်ယူ၊ အက်သလက်တီကို၊ အေစီမီလန်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း အဲဗာတန်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြပေမယ့် အာဆင်နယ် အသင်းက နည်းစနစ် ဒါရိုက်တာသစ် အီဒူရဲ့ စွမ်းဆောင်မှုနဲ့ ဘရာဇီး တိုက်စစ်ကစားသမားကို ခေါ်ယူနိုင်ဖို့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

#မာတီနယ်လီ