ရှေ့သို့
Image

ထရစ်ပီယား အသင်းပြောင်းရွေ့သွားပြီးနောက် အခွင့်အရေးတွေ ရရှိလာတဲ့ စပါးအသင်းရဲ့ လူငယ်ကစားသမားများ

10:56 AM, 19 July

စပါးအသင်းရဲ့ လူငယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကိုင်လီဝေါ်ကာပီတာနှင့် ဂျူအန်ဖို့ထ်တို့ဟာ အသင်းရဲ့  အရှေ့တောင်အာရှသို့သွားရောက်တဲ့ ရာသီကြိုခရီး စဉ်တွင်ပါဝင်ခဲ့ပြီး ပွဲထွက်ခွင့်အတွက် အခွင့်အရေးရရှိ မှာဖြစ်ကာ နောက်တန်းနေရာတွင် နည်းပြရဲ့  ရွေးချယ်မှုအတွက် သူတို့ကိုအားထားလို့ရတယ်ဆိုတာကို  ပြသရမှာဖြစ်ပါတယ်။

အေရီယာကတော့ ထရစ်ပီးယားရဲ့ နေရာကို အစားထိုးဝင်ရောက်မည့် ကစားသမားအဖြစ်ရှိနေပြီး အိုင်ဗရီကို့စ် နိုင်ငံသားဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေဆက်တိုက် ရရှိနေတဲ့ အတွက်ကြောင့် မေးခွန်းမေးစရာဖြစ်နေပါတယ်။


အသက် ၂၁ နှစ် အရွယ် ဖို့ထ်ဟာ ဟန်းနီးမွန်းထွက်နေတဲ့ အတွက်ကြောင့် ကျန်ရှိနေတဲ့အသင်းသားများနှင့်အတူ ဗုဒ္ဒဟူးနေ့ညကမှ စင်္ကာပူလေကြောင်းဖြင့် လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံသား လူငယ်ကစားသမားဟာ ဇူလိုင် ၂၇ ရက်နေ့ အထိ ခွင့်ယူဖို့အတွက် ပြောဆိုခဲ့ပြီး ၄င်းရဲ့ ငယ်ချစ် နှင့် ပူပူနွေးနွေးလက်ထပ်ထားတာဖြစ်ကာ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်

သူ့ကိုခေါ်ယူခဲ့တုန်းက ဗဟိုခံစစ်အဖြစ် ခေါ်ယူခဲ့သော်လည်း နည်းပြပိုချက်တီနိုက်တော့  ညာတောင်ပံသို့ပြောင်းရွေ့ကစားခဲ့တာဖြစ်ပါတယ်။

ယခုခရီးစဉ်တွင် ဖို့ထ်ဟာ ခြေစွမ်းပြသကာ ကစားချင်နေပြီး မေလက ဘုန်းမောက်အသင်းအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် လူစားဝင်ရောက်ပြီး၂ မိနစ်နှင့် ၁၃ စက္ကန့်အကြာမှာပဲ ထုတ်ပယ်ခံလိုက်ရကာ အဲ့ဒီပွဲကတော့ သူ နောက် ဆုံးကစားခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။

သူဟာ ကိုပါအမေရိအတွက် ရွေးချယ်ခြင်းခံခဲ့ရပြီး သူ့ရဲ့ အာဂျင်တီးနားကတော့ တတိယဆုကို ရရှိခဲ့ပါတယ်။

အေရီယာကတော့ အားလပ်ရက်တွင်သာ ရှိနေတဲ့အတွက်ကြောင့် တနင်္ဂနွေနေ့ ဂျူဗင်တပ်နှင့်ကစားမည့်ပွဲ နှင့်  နောက်တစ်ပတ် ရှန်ဟိုင်းတွင် မန်ယူနှင့်ကစားမည့်ပွဲများတွင်တော့ ဖို့ထ်ဟာ ပွဲထွက်ရဖို့မျှော်လင့်ရပါတယ်။

"ပြီးခဲ့တဲ့ရာသီက ၁၀ ပွဲ ကစားခဲ့ရတဲ့ ဝေါ်ကာပီတာရဲ့  ခြေစွမ်းပြမှုကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘယ်နောက်တန်းတွင် ခြေစွမ်းပြ ကစားနေတဲ့ အသက် ၂၂ နှစ် အရွယ် ဘန်ဒေးဗစ်ကတော့ ဒဏ်ရာရရှိနေပြီး စပါး အသင်းဟာ ဖူလ်ဟမ်ရဲ့ ဆက်ဆီဂွန်ကို စိတ်ဝင်ကစားနေတဲ့အတွက်ကြောင့် ကောင်းကောင်းခြေစွမ်းပြဖို့ လိုအပ်နေပါတယ်"

အသင်းမှ "ထွက်ခွာသွားတဲ့ ထရစ်ပီယာဟာ သူနှစ်သက်တဲ့ ပြည်တွင်းကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ အသင်းနှင့်စာချုပ်အသစ် ချုပ်ဆိုထားခြင်းမရှိသော်လည်း ဒီနွေရာသီမှာတော့ အသင်းကနေ ထွက်ခွာ သွားမှာမဟုတ်ပါဘူးလို့ ဗာတွန်ဂမ်က ပြောဆိုထားပါတယ်"

''ကျွန်တော့်စာချုပ်မှာတစ်နှစ်ကျန်သေးပြီး ဘာတွေဖြစ်မလဲဆိုတာကို ဆက်ကြည့်ရမှာပါ လို့ ဘယ်လ်ဂျီယံနိုင်ငံသားကပြောပါတယ်။ ဒီမှာနေရတာကို ကျွန်တော်နှစ်သက်ပါတယ်။ နည်းပြနှင့်ဆက်ဆံရေးကလည်း အဆင်ပြေကာ သူကလည်းကျွန်တော့်ကို အကောင်းဆုံးကစားသမားဖြစ်အောင် ထောက်ပံမှုတွေပေးထားပါတယ်။ ဒီမှာက ကျွန်တော်အလိုရှိတာကို အကုန်ရပါတယ်။ အခုအချိန်မှာတော့ စပါးအသင်းဟာ ကစားဖို့အတွက် အကောင်း ဆုံးကလပ်ပဲဖြစ်ပါတယ်"

#စပါး #ကိုင်လီ ဝေါ်ကာ #ထရစ်ပီးယား