ရှေ့သို့
Image

ဒီလစ်ခ်ျဟာ တည်ငြိမ်သလို မာန်ပါစွာ ကစားတတ်ကြောင်း ဒပ်ခ်ျဂန္တ၀င် ကစားသမား ဂျက်စတန်း ချီးကျူး

5:03 PM, 18 July

ဒပ်ခ်ျ နောက်ခံလူ မက်သီးယက်စ် ဒီလစ်ခ်ျဟာ ဂျူဗင်တပ်စ် အသင်းထံ စံချိန်တင်ပေါင် ၇၇ သန်းဖြင့် ယနေ့ မှာ အပြီးသတ် ရောက်ရှိ လာခဲ့ပါတယ်။
လူငယ်ကြယ်ပွင့်နဲ့ ပက်သက်ပြီး ဒပ်ခ်ျ ဂန္တ၀င် ကစားသမားကြီး ဂျက် စတန်းက “ သူက ဘောလုံးအပေါ်မှာ အရမ်းကို တည်တည် ငြိမ်ငြိမ်နဲ့ ကစားတတ်တယ်။ နည်းစနစ်ပိုင်းအရလည်း  မာန်ပါစွာ ကစားနိုင်တယ်။ သူပွဲကို ကောင်းကောင်း ဖတ်နိုင်တယ် မြင်နိုင်တယ်” ဟု ချီးကျူး ပြောဆိုသွားပါတယ်။
အသက် ၁၉ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ဟာ ယမန်နှစ်က အေဂျက် အသင်းအတွက် ၃၃ ပွဲ ကစား ခဲ့ပြီး ၃ ဂိုး သွင်းယူကာ ၂ ဂိုး ဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

#စီးရီးအေ #ဒီလစ်ဂ်ျ