ရှေ့သို့
Image

တီကိုအသင်းနဲ့ ပထမဆုံး လေ့ကျင့်ရေးမှာ အသင်းဖော်သစ်တွေရဲ့တရင်းတနှီး နှုတ်ဆက်ခြင်းကို ခံခဲ့ရတဲ့ ကီရင်ထရစ်ပီးယား

2:58 PM, 18 July

တော့တင်ဟမ်အသင်းနဲ့ အပြောင်းရွှေ့ကိစ္စများပြီးစီးပြီးနောက် အသင်းဆီက ရောက်လာခဲ့တဲ့ ထရစ်ပီရာကိုအသင်းဖော်တွေက တရင်းတနှီး နှုတ်ဆက်ခဲ့ကြပါတယ်။

သူ့ကိုအင်္ဂလန်လက်ရွေးစင်ဖြစ်လာစေတဲ့ စပါးအသင်းမှာ ၄ နှစ်တာ ကစားပြီးနောက်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

မြောက်လန်ဒန်အသင်းမှပေါင်းသန်း ၂၀ နဲ့ အပိုဆုကြေးတွေအပါအ၀င်တီကိုအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ထရစ်ပီယားဟာ တီကိုအသင်းရဲ့ နှစ်ပေါင်း ၉၅ နှစ်အတွင်း ပထမဆုံးအင်္ဂလိပ်ကစားသမားဖြစ်လာခဲ့ပါတယ်။

၃ နှစ်စာချုပ်ချုပ်ဆိုပြီးနောက် ဗုဒ္ဓဟူးနေ့ညနေပိုင်း လေ့ကျင့်ရေးအစီအစဉ်မှာ ဒီယေဂိုဆီမြွန်နီရဲ့နည်းပြအဖွဲ့ဝင်တွေ အသင်းဖော်သစ်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တာလဲဖြစ်ပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ အသင်းသစ်နဲ့ပျော်ရွှင်နေပြီး တီကိုအသင်းဖော်တွေကလဲ ထရစ်ပီယားကို နောက်ပြောင်ကျီစယ်နေကြပါတယ်။

အသင်းဖော်သစ်တွေနဲ့ဆုံတွေ့ပြီနောက် ၂၈နှစ်သားဟာ နည်းပြဆီမြွန်နီနဲ့အတူတီကို ကစားသမားဘ၀ကို စတင်လျှောက်လှမ်းတော့မှာဖြစ်ပါတယ်။

မက်ဒရစ်မှာ ပထမဆုံး လေ့ကျင့်ခန်းဆင်းရင်းစပါးအသင်းကိုနှစ်ပေါင်းများစွာ အားပေးခဲ့တဲ့ တော့တင်ဟမ်အသင်း ပရိတ်သတ်တွေထံ နှုတ်ဆက်စာလေးတင်ပေးခဲ့ပါတယ်။

ထရစ်ပီယားက သူ့ရဲ့အင်စတာဂရမ်ကနေ "စပါးအသင်းမှာ အံ့သြစရာကောင်းတဲ့သူတွေနဲ့ ဆုံတွေ့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုဆို သူတို့ကကျွန်တော့်ရဲ့မိတ်ဆွေတွေဖြစ်နေပါပြီ။ ကမ္ဘာတစ်ဝန်းက
စပါးပရိတ်သတ်တွေကိုပြောချင်ပါတယ်။ အားလုံးရဲ့အားပေးမှုက ကျွန်တော်နဲ့အသင်းကိုပိုမြင့်တဲ့ အဆင့်တစ်ခုဆီရောက်  သွားစေပါတယ်။ ကွင်းသစ်ကြီးကြောင့်အသင်းနဲ့
ပရိသတ်ပျော်ရွှင်ရင်ခုန်ခဲ့ရတာတွေကိုအမှတ်ရနေပါတယ်။ အသင်းမှာရှိနေတဲ့ သူတွေအားလုံး အကောင်းဆုံးတွေပဲရရှိဖို့ ဆုတောင်းပေးပါတယ်" လို့ ထရစ်ပီရာက အင်စတာဂရန်မှာ တင်ထားခဲ့ပါတယ်။

အက်သလက်တီကိုနည်းပြကြီးကတော့ ထရစ်ပီရာဟာ ခံစစ် ၄ ယောက်တန်းပုံစံမှာ အံဝင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒီညာနောက်ခံလူဟာ "မက်ဒရစ်ကို ဗုဒ္ဓဟူးနေ့မနက်ကရောက်ရှိခဲ့ပါတယ်။ သူလေးစားအားကျရတဲ့ ဂန္တ၀င်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းလိုမျိုး ညာတောင်ပံကပေးပို့မှုတွေနဲ့ ပြစ်ဒဏ်ဘောတွေကနေ
ဂိုးကန်သွင်းမှုတွေပြုလုပ်ဖို့ ရည်မှန်းထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ရီးရဲမက်ဒရစ်ရဲ့စိတ်ဝင်စားမှုကိုလဲ ရရှိခဲ့သလို ယခုနွေရာသီမှာလည်း ဘာရီဖွားနောက်ခံလူကို ဂျူဗင်တပ် နာပိုလီ စတဲ့ အသင်းကြီးတွေရဲ့
စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်"

ဒါပေမယ့် လာလီဂါကလပ်ဘက်ကတော့ အမှတ်ပေးဖလားကို ပြန်လည်ရယူနိုင်ဖို့ ဂျူအန်ဖရန်ရဲ့ ညာနောက်ခံနေရာမှာ ထရစ်ပီရာကို တိုက်ရိုက် အစားထိုးနိုင်ဖို့မျှော်လင့်နေပါတယ်။

ထရစ်ပီရာရဲ့ ပွဲဦးထွက်ကို သြဂုတ်လ ၁၈ ရက်နေ့မှာ ပြီးခဲ့တဲ့ မေလကချံပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနှိမ့်ခဲ့ရတဲ့ ကွင်းကြီးထဲမှာပဲ ဂီတာဖေးအသင်းနဲ့ပွဲမှာ ပွဲဦးထွက်လာနိုင်ပါတယ်။

စပါးနောက်ခံလူဟောင်းဟာ အပြောင်းရွှေ့အပြီးသတ်နိုင်ဖို့ စပါးနည်းပြကြီး မော်ရီစီရိုပိုချက်တီနိုရဲ့ ရာသီကြိုအာရှခရီးစဉ်ကနေ နှုတ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
#စပါး #ထရစ်ပီးယား