ရှေ့သို့
Image

ဒီတစ်နွေလုံး ဂျင်မ်မှာပဲ လေ့ကျင့်နေခဲ့တာလား မီလ်နာ

10:57 AM, 18 July

လီဗာပူးအသင်းဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက ရာသီကြိုခြေစမ်းပွဲအဖြစ် အမေရိကကို ထွက်ခွာသွားတဲ့အသင်းနဲ့အတူ လိုက်ပါသွားပြီး သူ့ပုံစံက ရာသီသစ်အတွက် အခုကတည်းက အသင့်ရှိနေတဲ့ပုံစံဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက အသင်းရဲ့အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက် ၃၃နှစ်အရွယ်ရှိ မီလ်နာဟာ အသင်းမှာရှိနေတဲ့ ၅နှစ်တာ ကာလအတွင်း နှစ်တိုင်းမှာ အသင်းရဲ့ကြံ့ခိုင်မှုအရှိဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အခုလည်း အဲဒီအစဉ်အလာက ပျက်မသွားဘဲ အင်္ဂါနေ့က အီလက်ထရွန်နစ်အချက်ပေးစနစ်နဲ့ ကြံ့ခိုင်မှုစစ်ဆေးခံရာမှာလည်း အားလုံးက အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။

မီလ်နာအတွက် အသက်အရွယ်က ကိန်းဂဏန်းတစ်ခုအနေနဲ့ပဲ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဇန်န၀ါရီလအတွင်း အသက် ၃၄နှစ်ပြည့်တော့မယ့် မီလ်နာဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ရာသီကြို ကြံ့ခိုင်မှုစစ်ဆေးရာမှာလည်း ထိပ်ဆုံးနေရာကနေ ကျော်ဖြတ်နိုင်ခဲ့ပြီး ဂျိုးဂိုမက်ဇ်၊ ချိန်ဘာလိန်နဲ့ ဖာဘင်ဟိုတို့လို
ကစားသမားတွေနဲ့ ယှဉ်ခဲ့ရာမှာ သူက ထိပ်ဆုံး ရောက်နေခဲ့တာပါ။

#လီဗာပူး #မီနာ