ရှေ့သို့
Image

အင်တာနေရှင်နယ်ချန်ပီယံဖလား၊ အာဆင်နယ် - ဘိုင်ယန်မြူးနစ် ပွဲကြိုခန့်မှန်းချက် (နံနက် ၉း၃၀)

1:18 AM, 18 July

ဒီလိုပွဲမျိုးတွေက ခန့်မှန်းရခက်ပြီး လူစုံထုတ်ပါ့မလားဆိုတာလည်း တပ်အပ်ပြောလို့မရပါဘူး။ ဖြစ်နိုင်ရင် ကြေးအပြောင်းအလဲကို သေချာလေးလေ့လာသင့်ပြီး ကြေးပြောင်းဖော်လိုက မှန်တာများပါတယ်။ အဓိကအချက်ကတော့ လူစာရင်းအပေါ် မူတည်ပြီး ကြေးက ပြောင်းလဲမှာဖြစ်လို့ ကြေးပြောင်းတဲ့အတိုင်း လိုက်ကစားသင့်ပါတယ်။ အာဆင်နယ်အတွက် ဒီပွဲက ဒုတိယမြောက်ခြေစမ်းပွဲဖြစ်ပြီး ကော်လိုရာဒိုရက်ပစ်အသင်းနဲ့ကစားခဲ့တဲ့ပထမဆုံးခြေစမ်းပွဲမှာတော့ ၃ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ လူငယ်အများစုကို ဦးစားပေးကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ဒုတိယပိုင်းရောက်မှ အဓိကကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ ပထမဆုံးခြေစမ်းပွဲဖြစ်ပြီး သူလည်း အရန်တွေထုတ်သုံးလာနိုင်ပါတယ်။ လက်ရှိအချိန်အထိတော့ ကြေးက ပြောင်းလဲမှုမရှိသေးဘဲ ဘိုင်ယန်မြူးနစ်က မူလဖွင့်လှစ်မှု -၁၀၀ မှာ ငြိမ်သက်နေသလို ဂိုးပေါင်းကလည်း ၃+၁၀ ကနေ ၃= ကို ၁၀ပြားလောက်ပဲ အတက်ပြထားပါတယ်။ အင်တာနေရှင်နယ်ချန်ပီယံဖလားပွဲတွေက ဂိုးတွေအပြိုင်အဆိုင်သွင်းလေ့ရှိလို့ ဂိုးပေါ်ပဲ ကစားချင်ပါတယ်။

#ပှဲကွိုသုံးသပျခကျြ #အင်တာနေရှင်နယ်ချန်ပီယံဖလား