ရှေ့သို့
Image

နောက်ထပ်ကစားသမား ၃ဦးလောက်ခေါ်ယူမယ်လို့ နည်းပြ အမ်မရီပြောကြား

5:43 PM, 17 July

အာဆင်နယ်အသင်းကတော့ လက်ရှိအချိန်မှာ ဘရာဇီးလူငယ်ကစားသမားလေး မာတီနယ်လီတစ်ဦးကိုသာခေါ်ယူထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်းနည်းပြ အမ်မရီကတော့ အခုအပြောင်းအရွှေ့မှာ နောက်ထပ်ကစားသမားသစ် ၃ဦးလောက်ကိုခေါ်ယူသွားအုံးမယ်လို့ပြောကြားလိုက်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ နည်းပြ အမ်မရီရဲ့အာဆင်နယ်အသင်းဟာ ပေါင် ၄၅သန်းသာ ဘတ်ဂျတ်ရှိသလို ကာရက်စ်ကို ၊ ဇာဟာတို့ကိုခေါ်ယူဖို့ပြင်ဆင်ခဲ့ပေမယ့် တန်ကြေးမြင့်မားနေတာကြောင့် ခေါ်ယူနိုင်ဖို့အခက်တွေ့နေပါတယ်။
သို့သော်လည်း စပိန်သားကတော့ သြဂုတ် ၈ရက်နေ့ အပြောင်းအရွှေ့ရာသီမပိတ်ခင် ကစားသမား ၃ဦးလောက်အထိအရခေါ်ယူသွားနိုင်မယ်လို့ယုံကြည်နေပါတယ်။
 “ကျွန်တော်အခုချိန် ပရိသတ်တွေကိုပြောနိုင်တာကတော့ အသင်းကောင်းတစ်သင်းဖြစ်အောင်တည်ဆောက်နေတယ်ဆိုတာပါပဲ။လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကစားသမား ၃ ၊ ၄ယောက်လောက်ကိုခေါ်ယူသွားမှာပါ”လို့ အမ်မရီကပြောပါတယ်။
“အဓိကပစ်မှတ်က ကစားသမား ၃ ၊ ၄ဦးလောက်ဝယ်ယူဖို့ပါ။အသင်းကိုလည်း အမှန်တကယ်အကျိုးပြုမယ့်သူမျိုးပေါ့။လက်ရှိဈေးကွက်မှာက ကစားသမားတစ်ဦးအတွက်တောင်းဆိုတဲ့ တန်ကြေးတွေကမြင့်လာပါတယ်”လို့ သူကပြောပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်လူ ဆီဘယ်လော့စ်ကိုခေါ်ယူဖို့ချိတ်ဆက်နေတာဖြစ်ပါတယ်။
အသက် ၂၂နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့လကကစားခဲ့တဲ့ စပိန်ယူ -၂၁အသင်းမှာခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် စတားစပေါ့သတင်းဌာနကတော့ ဂန်းနားတို့ဟာ အဆိုပါကွင်းလယ်ကစားသမားကို အငှားနဲ့သာခေါ်ယူနိုင်မှာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်နာမည်တွေတော့မှာမပြောလိုပါဘူး။ဆီဘယ်လော့စ်ကလည်းတကယ်ကောင်းတဲ့ကစားသမားတစ်ဦးပါ”လို့ အမ်မရီကပြောပါတယ်။
စပိန်သားကလည်း လက်ရှိအချိန်မှာရီးရဲလ်အသင်းကနေထွက်ခွာဖို့ဆန္ဒရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းတစ်သင်းဆီကိုပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

#ဆီဘယ်လော့စ်