ရှေ့သို့
Image

အမေရိကန်မှာ ထရိန်နင်ဆင်းရင်း ပျော်ရွှင်နေကြတဲ့ လီဗာပူး အသင်းသားများ

4:38 PM, 17 July

လီဗာပူးအသင်းကတော့ အမေရိကန်နိုင်ငံ ၊ အင်ဒီယားနားမှာ ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ကစားမယ့် အက်တ္တလန်တစ် အသင်းနဲ့ ပွဲစဉ်အတွက် လေ့ကျင့်ခန်း ဆင်းနေကြပါတယ်။

အဆိုပါ လေ့ကျင့်ခန်း အစီအစဉ်မှာတော့ စီနီယာအသင်း ကစားသမားတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်ခန်း ဆင်နေကြပြီး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ဦးဆောင် လေ့ကျင့်ခန်းဆင်းနေကာ အမေရိကန်မြေမှာ ကစားမယ့် ခြေစမ်းပွဲတွေအတွက် ကြိုတင် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

လီဗာပူး အသင်းကတော့ အမေရိကမြေမှာ ခြေစမ်းပွဲ ၃ ပွဲကစားမှာဖြစ်ကာ ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်ကိုတော့ အင်ဒီယားနားမှာရှိတဲ့  နိုထရီဒါမီ အားကစားကွင်းမှာ ကစားဖြစ်ကာ ၊ ဆီဗီလာအသင်းနဲ့ ပွဲစဉ်ကိုတော့ ဘော်စတွန်မှာရှိတဲ့  Fenway Stadium မှာ ကစားမှာဖြစ်ပြီး  စပို့တင်း လစ္စဘွန်းအသင်းနဲ့ ပွဲစဉ်ကိုတော့ နယူးယောက်မှာရှိတဲ့ ယန်ကီး အားကစားကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။

ထို့အပြင် လီဗာပူး အမျိုးသမီး အသင်းကလည်း အမေရိကမြေမှာပဲ ခြေစမ်းပွဲတွေ ကစားမှာဖြစ်ကာ နည်းပြ ကလော့နဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့ဟာ အမျိုးသမီး အသင်းရဲ့နည်းပြ ဗစ်ကီ ဂျက်ပ်ဆန်နဲ့ လေယာဉ်ပေါ်က အဆင်းမှာ ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။

စီနီယာ အသင်းမှာတော့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့လည်း ပါဝင်လာတာ ဖြစ်ပါတယ်။

လီဗာပူး စီနီယာ ကစားသမားတွေဟာ ကိုပါ အမေရိကဖလား ၊ အာဖရိကနေးရှင်းလိဂ်ဖလား ပွဲစဉ်တွေကြောင့် အသင်းနဲ့ မပူးပေါင်းနိုင်ပဲ နားရက် ပေးထားခဲ့ရပြီး ဂိုးသမား နေရာမှာဆိုရင်လည်း အဓိက ဂိုးသမား အလီဆင်ကို အနားပေး ခဲ့ရတာကြောင့် အသက် ၃၅ နှစ်အရွယ် ဂိုးသမား အန်ဒီ လိုနာဂန်ကို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် ခရီးစဉ်ကတော့ လူငယ် ကစားသမားတွေ တောက်ပမယ့် အခွင့်အရေး တစ်ရပ်အဖြစ် ရှိနေပြီး အဆိုပါ လူငယ် ကစားသမားလေးတွေမှာတော့ ဘရူစတားတို့လို လူငယ်တွေလည်း ပါဝင်နေပါတယ်။

လီဗာပူးအသင်းဟာ ဇူလိုင်လ ၁၁ ရက်နေ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ထရန်မီး ရိုဗာအသင်းကို  ၆-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ဘရက်ဖို့ဒ် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ လီဗာပူးအသင်းဟာ အမေရိကကို ရောက်ရှိနေပြီး အဆိုပါ အမေရိက ပွဲစဉ်တွေပြီးပါက နာပိုလီ ၊ လိုင်ယွန် အသင်းတို့နဲ့ ကစားရမှာဖြစ်ကာ မန်စီးတီး အသင်းနဲ့တော့ ကွန်မြူနတီဒိုင်းပွဲစဉ် ကစားရမှာပါ။

ထို့အပြင် လီဗာပူးအသင်းဟာ  ပရီးမီးယားလိဂ်ပွဲစဉ် ပထမအပတ်မှာတော့ ချဲလ်ဆီး အသင်းနဲ့ ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #ဟန်ဒါဆန်