ရှေ့သို့
Image

ရော်နယ်ဒိုပြီးနောက် ဒုတိယမြောက်လုပ်ခလစာ အများဆုံး ကစားသမားဖြစ်လာတဲ့ ဒီလစ်ဂ်ျ

11:20 AM, 17 July

နယ်သာလန်နောက်တန်းကစားသမားလေး ဒီလစ်ဂ်ျဟာ တူရင်မြေကိုရောက်ရှိပြီဆိုတဲ့ အကြောင်းကို ဓာတ်ပုံရိုက်တင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနဲ့အပြောင်းအရွှေ့ကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။

အဆိုပါအသက် ၁၉နှစ် အရွယ် ကစားသမားလေးဟာ ကလပ်အသင်းသမိုင်းတစ်လျောက်လုပ်ခ လစာ အများဆုံး နောက်ခံကစားသမားဖြစ်လာမှာဖြစ်ပြီး တိုက်စစ်မှူး ရော်နယ်ဒိုပြီးနောက် ဒုတိယလုပ်ခလစာ အများဆုံး ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပြောင်းရွှေ့ကြေးအတွက်အေဂျက်အသင်းကို ပေါင် ၆၃သန်း ပေးချေခဲ့ရပြီး လုပ်ခလစာကတော့ တစ်နှစ်ကိုပေါင် ၁၀.၈သန်း အထိ ရရှိမှာဖြစ်ပါတယ်။

နောက်ခံလူ ဒီလစ်ဂ်ျကတော့ ဗုဒ္ဓဟူးနေ့ ဂျုဗင်တပ်စ်အသင်း ဆေးစင်တာမှာ ဆေးစစ်မှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ တရားဝင်ကြေညာဖွယ် ရှိနေပါတယ်။

နယ်သာလန်သားဟာ ဂျူဗင်တပ်စ်အသင်းမှာ ယခင်ကစားသမားဟောင်းတွေဖြစ်တဲ့ ဖူရီနို ၊ မွန်တီရိုတို့ ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၄ကို ၀တ်ဆင်ကစားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ နောက်ခံလူ ဒီလစ်ဂ်ျရဲ့စာချုပ်ထဲမှာ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၃၅ သန်း အထိ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဒတ်ခ်ျသားဟာ တူရင်မြို့ထဲမှာ သူရဲ့ ချစ်သူ ၊ ခွေးတို့နဲ့အတူ လျောက်လည်ခဲ့ပြီးနောက် ဟော်လန်ကို ကိုယ်ပိုင်လေယာဉ်နဲ့ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ နေစရာမရှာဖွေရသေးပဲ  ယခင်ဇလာတန် အီဘရာဟီမိုဗစ်နေခဲ့ဖူးတဲ့ မြို့အနီးနားမှာပဲ နေဖွယ်ရှိနေပြီး အဆိုပါအိမ်မရခင်မှာတော့ ဒီလစ်ဂ်ျဟာ တူရင်မြို့ဟော်တယ်မှာသာ ခေတ္တနေရဖွယ် ရှိနေပါတယ်။

#ဒီလစ်ဂ်ျ