ရှေ့သို့
Image

ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗိုလ်လုပွဲကို ဆီနီဂေါနောက်ခံလူ ကူလီဘာလီလွဲချော်

12:35 AM, 17 July

ဆီနီဂေါဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဖရိကနိုင်ငံများဖလားချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်လာပေမယ့် သောကြာညမှာကစားရမယ့် အယ်လ်ဂျီးရီးယားနဲ့ ဗိုလ်လုပွဲမှာတော့ အားထားရတဲ့နောက်ခံလူ ကူလီဘာလီ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဥရောပကလပ်အသင်းလောကမှာ အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ကူလီဘာလီဟာ တူနီးရှားကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲမှာ သူ့ကြောင့် ပင်နယ်တီပေးခဲ့ရသလို အ၀ါကတ်ပါပြသခံခဲ့ရလို့ ဗိုလ်လုပွဲအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကူလီဘာလီအတွက် နည်းနည်းကံကောင်းသွားတာက သူ့ကြောင့် ပင်နယ်တီပေးခဲ့ရပေမယ့် တူနီးရှားအသင်းက ၀င်အောင်မသွင်းနိုင်ခဲ့တာဖြစ်ပြီး ဆီနီဂေါကလည်း ပင်နယ်တီလွဲချော်ခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရကာ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဆီနီဂေါအသင်း အနိုင်ရခဲ့တာပါ။ ကူလီဘာလီဟာ ၃ပွဲမှာ ဒုတိယမြောက်အ၀ါကတ်ပြသခံခဲ့ရတာဖြစ်လို့ အခုလိုဗိုလ်လုပွဲအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

#ကူလီဘာလေ #အာဖရိကဖလား