ရှေ့သို့
Image

ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရေးအတွက် ယခုတစ်ပတ်အတွင်း ယူနိုက်တက် ဆွေးနွေးမှုစတင်မည်

12:13 AM, 17 July

ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရေးအတွက် ယခုတစ်ပတ်အတွင်း ဆွေးနွေးမှုတွေ စတင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ A Bola ရဲ့ဖော်ပြချက်အရ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ နောက်ထပ်ပစ်မှတ်ဖြစ်တဲ့ဖာနန်ဒက်စ်ဘက် မြားဦးလှည့်လာပြီး လာမယ့်ရက်ပိုင်းအတွင်း စပို့တင်းလစ္စဘွန်းအသင်းထံ ဆက်သွယ်ချဉ်းကပ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့လက ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ်ဆုဖလားရယူထားတဲ့ ဖာနန်ဒက်စ်ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၉၀အထိရှိနေပြီး ယူနိုက်တက်အနေနဲ့ ပထမဆုံးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၅၀န်းကျင်နဲ့ စတင်ချဉ်းကပ်ဖွယ်ရှိနေပါတယ်။ 

သူ့ကို ခေါ်ယူရေးက ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့အနာဂတ်နဲ့မသက်ဆိုင်ဘဲ အိုးထရက်ဖို့ဒ်မှာ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာ ဆက်ရှိရင်လည်း ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့ရာသီက စပို့တင်းအတွက် ၃၁ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားလာမှာပါ။ အဲဒီပေါ်တူဂီသတင်းစာကပဲ ယူနိုက်တက်ဟာ လက်စတာနောက်ခံလူ မက်ဂွါရီကို ခေါ်ယူရေးအဆင်ပြေဖြစ်ခဲ့ပြီးနောက် ဖာနန်ဒက်စ်ကို ခေါ်ယူရေးကြိုးစားမှုကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဘရူနိုဖာနန်ဒတ်စ်