ရှေ့သို့
Image

အဘိုးဖြစ်သူကို ဂုဏ်ပြုဖို့ အတွက် ကျောနံပါတ်၂၁ ကို အလီနာထံ တောင်းဆိုခဲ့တဲ့ ဒီဂျောင်

12:32 PM, 16 July

ဘာစီလိုနာလူငယ်ကစားသမား အလီနာဟာ အသင်းထံ ရောက်ရှိလာတဲ့ ဖရန်ကီ ဒီဂျောင်ကို လိုက်လျောကြည်ဖြူစွာ ၎င်းရဲ့ ကျောနံပါတ် ၂၁ကို ပေးဝတ်ခဲ့ပါတယ်။

ဒါကြောင့် ဒီဂျောင် နူးကမ့်ကို ရောက်လာလာချင်းမှာ ကျောနံပါတ်၂၁ ကို တစ်ပါတည်း ၀တ်ဆင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

မူလက ကျောနံပါတ် ၂၁ ကို လူငယ်ကစားသမား အလီနာက ၀တ်ဆင်တာဖြစ်ပြီး ဒီဂျောင်ဟာလည်း ထိုနံပါတ်ကို ၀တ်ဆင်မယ့် အနေအထား မရှိခဲ့ပါဘူး။

အကြောင်းကတော့ ဒီဂျောင်ရဲ့ အဘိုးဟာ ၎င်းရဲ့ အသက်၂၁ နှစ် ပြည့်မွေးနေ့ မှာဘဲ ကွယ်လွန်သွားတာ ဖြစ်တာမို့  ဂုဏ်ပြုချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။

“ကျွန်တော် ဒီနံပါတ်နဲ့  အဆင်ပြေတယ်လို့  ခံစားမိပါတယ်။ အခြားနံပါတ်တွေ ၀တ်ပြီး လွယ်လွယ်ကူကူ ကစားလို့ ရပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး ။ ဘာစီလိုနာကို ရောက်လာတဲ့အချိန် ကျွန်တော့်မိသားစု တစ်ခုလုံးကို ခေါ်လာခဲ့တယ်။ အဖိုး ဟန့် စ် ဒီဂျောင်ကလွဲလို့ ပေါ့။  သူက ကျွန်တော့်မွေးနေ့  ၂၁ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မရည်ရွယ်ဘဲ ဒီနံပါတ်က ဂုဏ်ပြုဖို့ ဖြစ်လာပါတယ်။ သူက ဘောလုံးကို အရမ်းချစ်မြတ်နိုးတဲ့ သူတစ်ယောက်ပါ “ဟု ဒီဂျောင်က ပြောကြားသွားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင် #အလီနာ