ရှေ့သို့
Image

ဂျူဗင်တပ်စ်နဲ့ ဒီလစ်ဂ်ျတို့ကြား အပြောင်းအရွှေ့အပြီးသတ်ခဲ့

12:08 PM, 16 July

စကိုင်းစပေါ့အီတလီသတင်းဌာနကတော့ အေဂျက်နောက်ခံလူ ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ်အသင်းထံမကြာခင်မှာပြောင်းရွှေ့တော့မှာဖြစ်ပြီး မနက်ဖြန်မှာပဲ တူရင်မြို့ကိုလာရောက်မှာဖြစ်တယ်လို့ဖော်ပြလိုက်ပါတယ်။

အီတလီကလာတဲ့ သတင်းတွေကတော့ နောက်ခံကစားသမားလေး ဒီလစ်ဂ်ျဟာ အင်္ဂါနေ့ညနေခင်းမှာ တူရင်မြေကိုလာရောက်မှာဖြစ်ကာ ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်မှာဖြစ်တယ်လို့ဖော်ပြခဲ့ကြပါတယ်။

အဆိုပါနောက်ခံကစားသမားလေးဟာ နောက်လမှာ အသက် ၂၀ပြည့်မှာဖြစ်ကာ ဂျူဗင်တပ်စ်အသင်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်ကို လုပ်ခလစာယူရို ၁၂သန်း အထိရရှိမှာဖြစ်ပါတယ်။

နယ်သာလန်နောက်ခံကစားသမားလေးဟာ လာမယ့်ရာသီဂျူဗင်တပ်စ် အသင်းမှာ ကျောနံပါတ် ၄ဂျာစီကို ၀တ်ဆင်မှာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၅၀ သန်းလည်း ပါဝင်ကာ နောက်ထပ် ၁နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခွင့်ကိုလည်းထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

#အီတလီ #စီးရီးအေ #ဒီလစ်ဂ်ျ