ရှေ့သို့
Image

ပေါင် သန်း ၅၀ က ယူနိုက်တက် နောက်ခံလူအဖြစ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာနိုင်ကြောင်း ဒန်းနစ် အာဝင် ပြောကြား

3:21 AM, 16 July

မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဒန်းနစ် အာဝင်က ဝမ်ဘစ်ဆာကာကို ပေါင် သန်း ၅၀ ဖြင့် စာချုပ် ချုပ်ဆိုလိုက်ခြင်းက မန်ယူရဲ့ နောက်ခံလူအတွက် စံချိန်တင် ခေါ်ယူမှု ဖြစ်လာဖွယ်ရှိကြောင်း ပြောကြား လိုက်ပါတယ်။ 

အဆိုပါ ကစားသမားဟောင်းက ယူနိုက်တက်ဟာ အလားအလာရှိတဲ့ လူငယ် တစ်ယောက်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလိုက်တာပါ။ ဘစ်ဆာကာ ယူနိုက်တက်ရဲ့ နောက်တန်းကို အကောင်းဆုံး ထိန်းချုပ် ကိုင်တွယ်နိုင်မှာ ဖြစ်ပြီး အသင်းရဲ့ မျှော်လင့်ချက်တွေကို ပုံဖော် တည်ဆောက် ပေးနိုင်မှာပါ လို့ ဆိုပါတယ်။ 

အာဝင်က " သူက အရမ်းမြန်ပါတယ်။ ယခု သူက နောက်ခံလူ တစ်ယောက်ဖြစ်ပေမယ့် တောင်ပံကစားသမား တစ်ယောက်လိုလည်း အကောင်းဆုံး အားဖြည့် ကစားနိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ ၁၅ လခန့်က ပဲလေ့စ်အသင်းရဲ့ နောက်တန်းမှာ ဘစ်ဆာကာ အကောင်းဆုံး ခြေစွမ်းပြ ကစားနေတာကို ကျွန်တော် တွေ့ခဲ့ရပါတယ်၊ ခုချိန်မှာ သူ့အတွက် ဖိအားတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သူ အကောင်းဆုံး ဟန်ချက်ညီအောင် ထိန်းပြီး တုံ့ပြန်နိုင်မှာပါ၊ ကျွန်တော်တို့က လူငယ် ကစားသမားတွေကို အခွင့်အရေးပေးဖို့လဲ လိုပါတယ် " လို့ ပြောပါတယ်။  

" ဘစ်ဆာကာနဲ့ ဒန်နီရယ်ဂျိမ်းစ် ၂ ယောက်လုံး နှိမ့်ချစွာ နေကြပါတယ်။ လေ့ကျင့်ရေးမှာ သူတို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြိုးစား လေ့ကျင့်နေကြတာကို သတိထားမိပါတယ်။ ဒီလို အသင်းကြီး ၁ သင်းမှာ ကစားခွင့်ရတာက သူတို့အတွက် ကြီးမားတဲ့ အခွင့်အရေးပါ၊ သူတို့ အရမ်း နှစ်သက်ကြမယ် လို့လည်း ထင်ပါတယ် " လို့ အာဝင်က ဆက်ပြောပါတယ်။ 

ဘစ်စကာက လက်ရှိအချိန်မှာ သြစတြီးယားကို ရာသီကြို ပွဲစဉ်အတွက် ယူနိုက်တက်အသင်းနဲ့အတူ ရောက်ရှိနေတာ ဖြစ်ပါတယ်။ " ကျွန်တော် ဒီကို ရောက်လာကတည်းက ဖိအားတွေ ရှိမယ်ဆိုတာ သိပြီးသားပါ၊ ယူနိုက်တက်က အသင်းကြီး တစ်သင်းပါ၊ ပဲလေ့စ်မှာလိုတော့ မဟုတ်ပါဘူး ၊ ပွဲထွက် ကစားခွင့်ရဖို့ လိုအပ်ပါတယ်၊ ယူနိုက်တက်ရဲ့ ကစားတဲ့ ပုံစံ ၊ ကြိုးစားအားထုတ်မှုနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေက ကျွန်တော့်ကို ကစားသမား တစ်ယောက်အနေနဲ့ ပိုပြီး တိုးတက်လာစေမှာပါ၊ ကျွန်တော်ရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် အမြဲတမ်း ကြိုးစား အားထုတ်သွားမှာပါ " လို့  ဘစ်ဆာကာကပြောကြားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #၀မ္ဘစ္ဆာကာ