ရှေ့သို့
Image

တီယာနေး အတွက် အာဆင်နယ်အသင်းရဲ့ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ဆဲလ်တစ်ပယ်ချခဲ့

11:39 AM, 15 July

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ တီယာနေးအတွက် ပေါင် ၂၅ သန်း ၀န်းကျင်နဲ့ ကမ်းလှမ်းမှုကို ဆဲလ်တစ်အသင်းက ထပ်မံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဆဲလ်တစ်အသင်းကို လိုချင်နေတဲ့ ပမာဏနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် အပိုဆုကြေးတွေအစား ကနဦး ပြောင်းရွေ့ကြေးကို ပိုမိုလိုအပ်နေတယ်လို့ ဆဲလ်တစ်အသင်းက တုံ့ပြန်ခဲ့ပါတယ်။

နာပိုလီအသင်းဟာလည်း တီယာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါသေးတယ်။

တီယာနေးဟာ ဆဲလ်တစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး လက်ရှိမှာတော့ အူကျ ဝေဒနာကြောင့် အနားယူနေရပါတယ်။

ဆဲလ်တစ်အသင်းကတော့ တီယာနေးကို သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေး ရရှိမယ်ဆိုရင် ရောင်းချသွားဖို့ အသင့်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာလည်း ပြောင်းရွေ့ကြေး ကန့်သတ်ချက်ကြောင့် ကစားသမားခေါ်ယူခွင့်မှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

#တီယာနေး