ရှေ့သို့
Image

တီယာနေးကို ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်

10:51 AM, 14 July

အာဆင်နယ်အသင်းဟာ ဆဲလ်တစ်ဘယ်နောက်ခံကစားသမားလေး တီယာနေးကိုပေါင် ၂၅ သန်းနဲ့ ဒုတိယအကြိမ်ကမ်းလှမ်းလိုက်ပါတယ်။

ပထမတစ်ကြိမ် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းတုန်းကတော့ ဆဲလ်တစ်အသင်းရဲ့ပယ်ချမှုနဲ့ခံခဲ့ရပါတယ်။

နာပိုလီအသင်းကတော့ တီယာနေးကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အခုချိန်အထိတော့ တရားဝင်ကမ်းလှမ်းမှုမရှိသေးတာဖြစ်ပါတယ်။

နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီကတော့ အဆိုပါ စကော့တလန်သားရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကာ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ကစားသမားကိုအရခေါ်ယူနိုင်မယ်လို့ယုံကြည်နေပါတယ်။

အာဆင်နယ်အသင်းနည်းပြ အမ်မရီကလည်း လာမယ့်ရာသီသစ်အတွက်အသင်းနောက်တန်းကိုပြင်ဆင်ဖို့စီစဉ်နေပြီး စကော့တလန်သားလေးကို အရခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

စကော့တလန်သားလေးကတော့ လက်ရှိအချိန်မှာ တင်ပါဆုံရိုးဒဏ်ရာ မသက်သာသေးသလို အခုအချိန်ဟာ ဆဲလ်တစ် အသင်းကနေ ထွက်ခွာဖို့အကောင်းဆုံး အချိန်ဖြစ်တယ်လို့ယုံကြည်နေပါတယ်။

#တီယာနေး