ရှေ့သို့
Image

ကမ္ဘာ့ဖလားရရှိခဲ့ပြီးနောက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အကြီးမားဆုံးအမှတ်ကွာဟချက်နဲ့ အဆင့် ၁နေရာမှာ ရပ်တည်နေတဲ့ အမေရိကန်အသင်း

10:56 AM, 13 July

အမေရိကန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက် အမျိုးသမီးကမ္ဘာ့အဆင့်သတ်မှတ်ချက် မှာ သမိုင်းတစ်လျှောက် အမှတ်ကွာဟချက်အကြီးမားဆုံးစံချိန်ချိုးကာ အဆင့် ၁အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ ပါတယ်။

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လိုင်ယွန်မှာ ကစားခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာ နယ်သာလန်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိကာ ကမ္ဘာ့ဖလားချန်ပီယံဆုကို အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ သူတို့ဟာ နံပါတ် ၁အဖြစ် ရပ်တည်နိုင်ခဲ့ပြီးရမှတ် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ် အဆင့်မှာ ဆွီဒင်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဒုတိယနေရာက ဂျာမနီအသင်းကို ၁၂၁ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါ တယ်။

ဒုတိယရရှိခဲ့တဲ့ နယ်သာလန်ဟာ အဆင့် ၅ ဆင့်တက်လာခဲ့ပြီး တတိယနေရာအထိရောက်လာခဲ့ကာ သူတို့ အသင်းရဲ့အကောင်းဆုံးအဆင့်လည်းဖြစ်ပါတယ်။ ကြေးတံဆိပ်ရရှိခဲ့တဲ့ဆွီဒင်က အဆင့် ၃ဆင့်တက်ကာ အဆင့် ၆ နေရာ ရောက်ရှိလာခဲ့ပါတယ်။ ပြင်သစ်ကတော့ အဆင့် ၄ မှာ ဆက်လက်ရှိနေခဲ့ပြီး၊ ဆီမီးဖိုင်နယ်မှာ အမေရိကန်ကို ရှုံးနိမ့်ခဲ့ပြီးတတိယနေရာလုပွဲမှာ ဆွီဒင်ကိုပါ ထပ်မံရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်ကတော့ အဆင့် ၂ ဆင့်ကျကာ အဆင့် ၅ ရောက်သွားပါတယ်။

ဒီလအတွင်း အကြီးမားဆုံးအဆင့်ခုန်တက်နိုင်မှုအဖြစ် ဖိလစ်ပိုင်က အဆင့် ၇ဆင့် ခုန်တက်လာပြီး အဆင့် ၇၆ မှာ ရပ်တည်နေကာ အိန္ဒိယကလည်းအဆင့် ၆ ဆင့် ခုန်တက်ကာ အဆင့် ၅၇ မှာရပ်တည်နေပါတယ်။ အိန္ဒိယ ကတော့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့အတွက်ကြောင့် အဆင့် တက်လာတာလည်းဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်စာရင်းဟာလည်း ၁၅၅ သင်းမှ ၁၅၈ သင်းအထိ များလာခဲ့ပါတယ်။

#အမျိုးသမီးကမ္ဘာ့ဖလား