ရှေ့သို့
Image

ရာသီကြို ဘာတန် ယူ - ၁၈ အသင်း ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဟီးရိုးကောင်လေး

1:48 PM, 12 July

လီဗာပူးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ပွဲစဉ်မှာ  အသင်းအတွက် အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဘောကောက် ကောင်လေးဟာ ၎င်းရဲ့ပထမဆုံးဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်မှာတော့ လီဗာပူးအသင်းဟာ ဘာစီလိုနာ အသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျနေခဲ့ပြီး ဘောကောက်ကောင်လေးရဲ့ပါးနပ်စွာ ဖန်တီးပေးမှုကြောင့် လီဗာပူးအသင်းဟာ အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၄ နှစ်အရွယ် အော်ကလေ ကန်နွန်နီယာဟာ အသင်းရဲ့လူငယ် ကစားသမား တစ်ဦးဖြစ်ပြီး  နောက်ခံလူ အာနိုးလ်ကို ထောင့်ကန်ဘော မြန်မြန်ဆန်ဆန် ကန်နိုင်အောင် ဖန်တီးပေးခဲ့ပြီး အဆိုပါ ထောင့်ကန်ဘောကနေပဲ တိုက်စစ်မှူး အော်ရီဂီက အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့နိုင်ပွဲကြောင့်ပဲ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ စပါးအသင်းကိုအနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဘောကောက် သမားလေးဟာ အသင်းအတွက် ဘာတန်ယူ -၁၈ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။
ဘာတန် ယူ -၁၈ အသင်းနဲ့ ပွဲစဉ်ရဲ့သွင်းဂိုးတွေကိုတော့ ဂျိတ် ကိန်းက ၂ ဂိုး ၊ နေးလ် ဘရွတ်ဝဲလ်က ၁ ဂိုး ၊ ဘာစီလိုနာ အသင်းနဲ့ ပွဲစဉ်မှာ အားနိုးလ်ရဲ့ဂိုးကို ဖန်တီးပေးခဲ့တဲ့ အော်ကလေက ၁ ဂိုး သွင်းယူခဲ့ပြီး ၄-၀ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

#လီဗာပူး #ဘာစီလိုနာ #အာနိုး