ရှေ့သို့
Image

ဆီဘယ်လော့စ်အား ပြိုင်ပွဲမှာ စပါးကို အသားစီး ရယူနိုင်ခဲ့တဲ့ အာဆင်နယ်

1:28 PM, 12 July

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဆီဘယ်လော့စ်ကို ခေါ်ယူဖို့အတွက် ကြိုးစားမှုမှာ အာဆင်နယ်ဟာ မြို့ခံပြိုင်ဘက် စပါးအသင်းကို အသာစီး ရယူနိုင်ခဲ့ပါတယ်။ အသက် ၂၂ အရွယ် ကစားသမားကို ခေါ်ယူမှုမှာ စပါးဟာ ဦး ဆောင်နေပြီး စပိန်ကလပ်ကလည်း ကမ်းလှမ်းမှုတွေကို နားစွင့်နေပါတယ်။
အမ်မရီဟာ ကစားသမားကို အငှားဖြင့် ခေါ်ယူလိုနေပြီး အာဆင်နယ်က ကစားသမားအား ခေါ်ယူဖို့အတွက် ကြိုးစားမှုမှာ ရှေ့ဆုံး ရောက်ရှိနေပြီဖြစ်ကြောင်း မာကာ သတင်းစာက ဖော်ပြထားပါတယ်။ ဒီနွေရာသီမှာ အပြောင်းအရွှေ့အတွက် ပေါင် ၄၅ သန်းသာ ဘက်ဂျက် ရရှိထားတဲ့ အမ်မရီကတော့ သူ လုပ်နိုင်တဲ့ ဘယ်နည်း လမ်း နဲ့မဆို ကစားသမားတွေ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
ဆီဘယ်လော့စ်ကို ကနဦး တစ်ရာသီ အငှားနဲ့ခေါ်ယူပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ရင် အပြီးသတ် ခေါ်ယူဖို့ကိုပါ အမ်မရီက လုပ်ဆောင်ချင်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကစားသမားဟာ ရီးရဲလ်အတွက် ၁၃ ပွဲသာ ကစားခဲ့ရတာ ဖြစ်ပြီး သူပြောင်းရွှေ့တဲ့ ဘယ်အသင်းမှာပဲဖြစ်ဖြစ် တိုးတက်ဖို့အတွက် သူက ရှာဖွေနေပါတယ်။
ပြီးခဲ့တဲ့လက ဥရောပ ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်ယူ ၂၁ အသင်းအတွက် ခြေစွမ်း ပြသခဲ့ပြီးနောက် သူ့ကို အသင်း တော်တော်များများက အလိုရှိနေတာ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ငွေကြေး ရရှိရေးအတွက် ရီးရဲလ်ဟာ ဘက်တစ် ကစားသမားဟောင်းကို အငှား မဟုတ်ဘဲ အပြီးသတ် ရောင်းချလိုနေပါတယ်။

#စပါး #ဆီဘယ်လော့စ်