ရှေ့သို့
Image

စပါးနောက်တန်းကစားသမားကို ခေါ်ယူရေးတိုက်ပွဲမှာ ပါဝင်လာတဲ့ အက်သလက်တီကို

3:21 PM, 11 July

စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အင်္ဂလန်ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့အတွက် ချိတ်ဆက်လာပါတယ်။

စပါးအသင်းကတော့ လက်ရှိအချိန်မှာ ညာနောက်ခံကစားသမားလေးကိုပြန်လည် ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းက ညာနောက်ခံကစားသမား ဂျူအန်ဖရန်အသင်းကနေ ထွက်ခွာမှာဖြစ်တာကြောင့် ညာနောက်ခံကစားသမားအသစ်ရှာဖွေနေပြီး စပါးကစားသမားလေးကို ခေါ်ယူဖို့မျက်စိကျလာပါတယ်။

ဆမ်းသတင်းဌာနကတော့ ဂျူဗင်တပ်စ်အသင်းကလည်း စပါးညာနောက်ခံကစားသမား ထရစ်ပီရာကို ခေါ်ယူဖို့ပြင်ဆင်နေပြီး ကန်ဆယ်လိုရဲ့နေရာမှာ အစားထိုးဖို့ အလိုရှိနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းညာနောက်ခံလူ ကန်ဆယ်လိုကိုတော့ မန်စီးတီးအသင်းက ခေါ်ယူဖို့အသည်းအသန် ချိတ်ဆက်နေတာဖြစ်ပါတယ်။

အဆိုပါအင်္ဂလန်ကစားသမားကိုတော့ မန်ယူအသင်းကခေါ်ယူဖို့ချိတ်ဆက်ခဲ့သေးတာဖြစ်ကာ နောက်ပိုင်းမှာမှ ခရစ္စတယ်ပဲလေ့စ်ညာနောက်ခံလူ ၀မ်ဘစ်ဆာကာကိုပေါင် ၅၀ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ ညာနောက်ခံကစားသမား ထရစ်ပီယာကိုပေါင် ၂၅ သန်း ရရှိပါက ရောင်းချသွားဖွယ် ရှိနေပါတယ်။

#စပါး #ထရစ်ပီးယား