ရှေ့သို့
Image

မီလင်ကိုဗစ်-ဆာဗစ်ကို ပေါင် ၇၂ သန်းနဲ့ ကမ်းလှမ်းဖို့ ယူနိုက်တက် အသင့်ရှိနေ

3:11 PM, 11 July

မန်ယူအသင်းဟာ လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ်-ဆာဗစ်ကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ အသင့်ရှိနေပါတယ်။ ဆာဗစ်ဟာ ယမန်နှစ် ရာသီက စီးရီးအေ အကောင်းဆုံး ကွင်းလယ်လူအဖြစ် သတ်မှတ်ခြင်းခဲ့ထားခဲ့ရပြီး အသင်းကြီးတွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် ဒုဥက္ကဌ ၀ုဒ်ဝါ့ဟာ ဆာဗစ်အတွက် ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ အသင့် ရှိနေပါတယ်။ လာဇီယိုကတော့ ဆာဗစ်အတွက် ပေါင် သန်း ၉၀ အလိုရှိနေပေမယ့် ယူနိုက်တက်ကတော့ အဆိုပါ ပမာဏထက် နည်းပါးတဲ့ ငွေကြေးနဲ့ ရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။

လက်စတာ နောက်ခံလူ မက်ဂွါရီလိုပဲ လာဇီယိုအသင်းက ဆာဗစ်အတွက် ဈေးနှုန်း လျော့ချပေးဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဆာဗစ်ဟာ အသင်းက ထွက်ခွာလိုနေပေမယ့် လာဇီယိုကို အတင်းအကျပ် ဖိအားပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

#မနျခကျြစတာယူနိုကျတကျ #လာဇီယို #မီလန်ကိုဗစ်-ဆာဗစ်