ရှေ့သို့
Image

ဒန်နီရယ်ဂျိမ်းစ်နဲ့ ၀မ်ဘစ်စကာတို့ဆီကနေ ခြေစွမ်းကောင်းတွေ မျှော်လင့်ထားတဲ့ မာတာ

2:10 PM, 11 July

ယူနိုက်တက် ကွင်းလယ်လူ မာတာက ကစားသမားသစ်တွေ ဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်နဲ့ ၀မ်ဘစ်စကာတို့ လာမယ့်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ယမန်နှစ်က အဆင့် ၆ နေရာသာ ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ လာမယ့် ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ငယ်ရွယ်ပြီး မြန်ဆန်တဲ့ ကစားသမား ၂ ဦးကို ခေါ်ယူ ထားခဲ့တာ ဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ ပေါင် ၁၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ၀မ်ဘစ်စကာကတော့ ပေါင် သန်း ၅၀ ၀န်းကျင်နဲ့ ယူနိုကတ်က်ကို ရောက်ရှိ လာခဲ့ကြ တာ ဖြစ်ပါတယ်။ ၂ ဦးစလုံးဟာ သြစတေးလျမှာ ပြုလုပ်နေခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ခြေစွမ်းကောင်း ပြနေခဲ့ပြီး မာတာ က အဆိုပါ ကစားသမား ၂ ဦးရဲ့ ခြေစွမ်းကို ကျေနပ်လျက် ရှိနေပါတယ်။

မာတာက "ခင်ဗျားတို့ တွေ့လိုက်လိုပဲ သူတို့ ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။ ၀မ်ဘစ်စကာက ပရီမီးယားလိဂ်မှာ ကစားခဲ့သလို ဂျိမ်းစ်ကလည်း ဆွမ်ဆီးမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။ သူတို့ ကျွန်တော်တို့ကို အပြည့်အ၀ ကူညီနိုင်မယ်လို့ မျှော်လင့် ပါတယ်။ သူတို့ဟာ ငယ်ရွယ်ပြီး နိုင်ပွဲတွေ ဆာလောင်နေတဲ့ ကစားသမားတွေ ဖြစ်တဲ့အတွက် အသင်းအတွက် အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်ဂါနာ၊ ဂရင်းဝုဒ်နဲ့ အိန်ဂျယ် ဂိုးမက်ဇ်တို့ဟာလည်း သြစတေးလျ ခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။ မကြာမီကပဲ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားတဲ့ မာတာက လူငယ် ကစားသမားတွေ ပါဝင်လာတဲ့ အသင်း အတွက် ပျော်ရွှင်နေကြောင်း ပြောခဲ့ပါတယ်။

"ပထမဆုံး ကျွန်တော် ပြောချင်တာကတော့ သူတို့က သဘောကောင်းတဲ့ ကောင်လေးတွေပါ။ တစ်ခါတစ်လေမှာ ဒီလို အသက် အရွယ်နဲ့ အောင်မြင်မှု ကြီးကြီးမားမား ရလာခဲ့ရင် မာန်မာန ထောင်လွှားတတ်ပါတယ်။ ဒါပေမယ့် သူတို့က တည်ငြိမ်ပြီး နှိမ့်ချ တတ်ကြပါတယ်။ သူတို့ အကောင်းဆုံး ကြိုးစားနေကြပါတယ်။ သူတို့ရဲ့ ပုံစံကို ကျွန်တော်ကြိုက်ပြီး ဒါကြောင့်ပဲ သူတို့ ဒီနေရာ ရောက်လာတယ်လို့ ထင်ပါတယ်"လို့ မာတာက ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာတာ #၀မ္ဘစ္ဆာကာ #ဒန်နီရယ် ဂျိမ်းစ်