ရှေ့သို့
Image

ဆောရီးနော်...ကျွန်မ အလုပ်ရှုပ်နေလို့ပါ...

1:59 PM, 11 July

အမေရိကန် အမျိုးသမီးကြယ်ပွင့် ရာပီနိုးက ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့အတူ အသင်းလိုက် အောင်ပွဲခံနေစဉ် လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်မလားဆိုတဲ့ မေးခွန်းတွေကို ပယ်ချသွားပါတယ်။ ရာပီနိုးဟာ အမေရိကန်အသင်း ၄ ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး ဂိုးသွင်းဘုရင်ဆု (ရွှေဖိနပ်ဆု) နဲ့ အကောင်းဆုံး ကစားသမားဆု (ရွှေဘောလုံးဆု) တွေလည်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အဲဒီ ပြိုင်ပွဲတစ်လျှောက် ကွင်းပြင်ပ ကိစ္စတွေကြောင့်လည်း နာမည်ကြီးခဲ့ပါတယ်။ ရာပီနိုးက သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဖို့ အိမ်ဖြူတော်ကို သွားရောက် လည်ပတ်မှာ မဟုတ်ဘူးလို့ လူသိရှင်ကြား အတည်ပြုခဲ့သလို အမေရိကန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဆုကြေးငွေ တန်းတူ ရရှိရေး အတွက်လည်း ဦးဆောင် တိုက်ပွဲဝင်နေပါတယ်။ ထရမ့်ကလည်း ဒေါသတကြီး ပြန်လည်တုံ့ပြန်ခဲ့ပြီး အမေရိကန်အသင်း ဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ထွက် အိမ်ဖြူတော် လာလည်ဖို့ ဖိတ်ခေါ်မယ်လို့ ဆိုခဲ့သလို အထူးသဖြင့် ရာပီနိုးကို အဲဒီလိုမပြောခင် ကိုယ့်ဘက်ကပဲ ချန်ပီယံဖြစ်အောင် အရင်လုပ်ပါဦး လို့ တုံ့ပြန်ခဲ့မှုက လူမှုမီဒီယာမှာ အတော်လေး ဂယက်ရိုက် သွားခဲ့ပါတယ်။
ယခုအခါ အမေရိကန် အသင်းဟာ နယူးယောက်မှာ ဆုဖလား နဲ့အတူ အောင်ပွဲခံခဲ့ပြီး ရာပီနိုးက နိုင်ငံရေး လောကထဲ ၀င်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုပါတယ်။ ''လာမယ့် ရွေးကောက်ပွဲမှာ ကျွန်မအတွက် နေရာမရှိပါဘူး။ သမ္မတ ရွေးကောက်ပွဲမှာ ရောပေါ့။ တောင်းပန်ပါတယ်။ ကျွန်မ အလုပ်များနေလို့ပါ။ အခုလိုေ ပြောနေတာတွေက(ရွေးကောက်ပွဲ ၀င်မယ်လို့ သတင်းတွေ ထွက်ပေါ်နေမှုကို ဆိုလို) တကယ့်ကို ရယ်စရာကောင်းပါတယ်''လို့ ရာပီနိုးက ပြောပါတယ်။

#ဒေါနယ်လ် ထရမ်ပ့် #အမျိုးသမီးကမ္ဘာ့ဖလား #ရာပီနိုး