ရှေ့သို့
Image

မန်စီးတီးတိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ ၀က်စ်ဟမ်း

1:42 PM, 11 July

ဝက်စ်ဟမ်းအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့  မန်စီးတီးနဲ့ မာဆေးတိုက်စစ်မှူးဟောင်း မာရီယို ဘာလော့တယ်လီကို ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်။

အဆိုပါတိုက်စစ်မှူးဟာ မာဆေးအသင်းကနေထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၈နှစ်အရွယ်တိုက်စစ်မှူးဟာ ပြင်သစ်ကလပ်အသင်းမှာ ၆လကြာ ဖြတ်သန်းခဲ့ကာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ကိုပြန်လာဖို့ အတွက် ရေပန်းစားနေပါတယ်။

အဆိုပါအီတလီသားရဲ့အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာကတော့ လန်ဒန်ကလပ်အသင်းနဲ့ စကားပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

စပိန်သတင်းဌာန အေအက်စ်ကတော့ ၀က်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူဖို့အတွက် ချိတ်ဆက်နေသော်လည်း တစ်နှစ်လုပ်ခ ယူရို ၃.၆ သန်းဆိုတဲ့ ပမာဏက လန်ဒန်ကလပ်အတွက်အနည်းငယ် ခက်ခဲဖွယ်ရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး အနော်တိုဗစ်ကိုတရုတ်ကလပ်အသင်းထံရောင်းချခဲ့သလို လူးကပ်စ် ပီရက်ဇ်၊ အန်ဒီ ကာရိုးလ်တို့ကလည်း ထွက်ခွာဖွယ်ရှိနေပြီး အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဟာနန်ဒက်စ်ကလည်း မကြာခင်မှာအသင်းကနေ စွန့်ခွာဖွယ်ရှိနေတာကြောင့် မာဆေးတိုက်စစ်မှူးကို ခေါ်ယူဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဆယ်လ်တာဗီဂိုတိုက်စစ်မှူး မက်စီ ဂိုးမက်ဇ်ကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဗလန်စီယာ အသင်းထံပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်ခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ၀က်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီဟာ ယခင်မန်စီးတီးကစားသမားဟောင်းဖက်ကို မြှားဦးလှည့်လာခဲ့ပါတယ်။

အီတလီလက်ရွေးစင်ကစားသမားကလည်း လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာကြောင့် လန်ဒန်ကလပ်အသင်းရဲ့ကမ်းလှမ်းမှုကို စိတ်ဝင်စားနေပြီး အင်္ဂလန်မြေကိုပြန်လည်အခြေချဖွယ် ရှိနေပါတယ်။

#မနျစီးတီး #ဘာလော့တယ်လီ