ရှေ့သို့
Image

လီဗာပူးအသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အိုရီဂီ

11:24 AM, 11 July

လီဗာပူးကတော့ အသင်းကို ချန်ပီယံလိဂ် ၆ ကြိမ်မြောက် ဆုဖလားကို ရယူရာမှာ သွင်းဂိုးတွေနဲ့ ကူညီခဲ့တဲ့ တိုက်စစ်မှူး အိုရီဂီကို ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။

အဆိုပါ တိုက်စစ်ကစားသမားလေးဟာ ပြီးခဲ့လက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီး စာချုပ်သက်တမ်းကလည်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် ကလပ်အသင်း တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအသင်းကတော့ တိုက်စစ်မှူး အိုရီဂီရဲ့ အရည်အသွေးတွေကို သတိထားမိတာကြောင့် လျင်လျင်မြန်မြန်ပဲ စာချုပ်သစ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသားလေးဟာ တနလာင်္နေ့က အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး အိုရီဂီဟာ ပြီးခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အရေးပါတဲ့ သွင်းဂိုး တစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် အဲဗာတန်၊ နယူးကာဆယ် အသင်းတို့ ပွဲစဉ်တွေမှာ အဖိုးတန် အနိုင်ဂိုးတွေကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ထို့အပြင် အဆိုပါတိုက်စစ်မှူးဟာ လာမယ့် ရာသီသစ် နည်းပြ ကလော့ရဲ့လက်အောက်မှာ အဓိက ကစားသမား တစ်ဦး ဖြစ်လာဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း အိုရီဂီဟာ အသင်းကနေ ထွက်ခွာဖို့ အခွင့်အရေး ရခဲ့ပြီး ၀ုဗ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့်လည်း အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း လီဗာပူးအသင်းဟာ လိုင်လီ တိုက်စစ်မှူး နီကိုလပ်စ် ပီပီကို ခေါ်ယူဖို့ စိတ်မ၀င်စားဘူလို့ ပြောကြားလိုက်ပါတယ်။

အဆိုပါ တိုက်စစ် ကစားသမားကိုတော့ လီဗာပူးအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းဌာန တော်တော်များများက ဖော်ပြ ခဲ့ကြပေမယ့်လည်း လီဗာပူးဘက်ကတော့ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အိုရီဂီ