ရှေ့သို့
Image

ရာသီအသစ်အတွက် ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီရဲ့ ပထမဆုံးတောင်းဆိုမှု

8:55 AM, 11 July

ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့မှာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်မှာဖြစ်ပြီး နည်းပြဗယ်လ်ဗာဒီကတော့ ဖြစ်နိုင်မယ်ဆိုရင် ကစားသမားခေါ်ယူမှုနဲ့ အငှားခေါ်ယူမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ အသင်းကို ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာဟာ ဒီဂျောင်နဲ့နီတိုတို့ကို ခေါ်ယူထားပါတယ်။ နောက်ထပ်ကစားသမားများအဖြစ် ဂရစ်ဇ်မန်း၊ နေမာနဲ့ ဒီလစ်တို့ကို ခေါ်ယူဖို့လည်းရှိနေပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးတဲ့ကစားသမားတွေဖြစ်တဲ့ ဗာမေလန်နှင့် ဒေါက်ဂလပ်စ်တို့ဟာ အသင်းကနေ ထွက်ခွာသွားကြပြီး မူရီလိုနဲ့ဘိုတန်တို့ရဲ့အငှားသက်တမ်းကလည်း ပြီးဆုံးသွားတာဖြစ်ပြပါတယ်။

ဆီလက်ဆန်နဲ့ ဒင်းနစ်ဆွာရက်ဇ်တို့ကို ရောင်းချခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အငှားနဲ့ထွက်ခွာခဲ့တဲ့ အန်ဒရီဂိုမက်ဇ်၊ ကာဒိုနာ၊ ပယ်လန်စီကာ၊ ကူကာရယ်လာတို့ဟာလည်း သက်ဆိုင်ရာအသင်းတွေဆီ အပြီးသတ်ပြောင်းရွှေ့သွားပြီလည်းဖြစ်ပါတယ်။

ဖြေရှင်းဖို့ရှိနေတဲ့ ကိစ္စတွေကတော့ ရာဖင်ဟာ၊ မယ်ကွန်နဲ့ တိုဒီဘိုတို့ပဲဖြစ်ကြပါတယ်။ သီအိုရီအရတော့ ဘာစီဟာ သူတို့ ၃ ယောက်ကို ရောင်းချခြင်း သို့မဟုတ် အငှားချခြင်းတို့ကို ပြုလုပ်လိုနေပါတယ်။

ကော်တင်ဟို၊ ဆီမီဒိုတို့ရဲ့အခြေအနေတို့ကလည်း ရှုပ်ထွေးနေပြီး၊ ဒမ်ဘီလီနဲ့ရာကီတစ်တို့ကလည်း အသင်းမှ ထွက်ခွာဖို့အတွက် ဆက်သွယ်မှုတွေရှိနေပါတယ်။

သူတို့တွေထဲက အချို့ကလည်း အသင်းမှ ထွက်ခွာချင်နေကြပြီး ကလပ်ကလည်း ကောင်းမွန်တဲ့ ကမ်းလှမ်းမှုများကို စောင့်နေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်