ရှေ့သို့
Image

အာဆင်နယ်ကိုပြောင်းရွှေ့ချင်တဲ့ အိပ်မက်တွေအကြောင်း ဒီဂျောင်ဖွင့်ဟ

8:32 AM, 11 July

အေဂျက်စ် ကွင်းလယ်လူဟောင်း ဒီဂျောင်က ဘာစီလိုနာကို မပြောင်းရွှေ့ခင်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့  စဉ်းစားခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဒီဂျောင်ဟာ ယခင်အပတ်က ဘာစီိလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီဂျောင်က ဂန္တ၀င် ကစားသမား အိုဗားမားရဲ့လမ်းစဉ်အတိုင်း အာဆင်နယ်အသင်းကို အရင်ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ အိုဗားမားဟာ ယခုအချိန်မှာ အေဂျက်စ်အသင်းရဲ့ အားကစား ဒါရိုက်တာဖြစ်နေပြီး ကစားသမားဘ၀က အာဆင်နယ်အသင်းမှာ ကစားခဲ့ပြီးမှ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဒီဂျောင်က "ကျွန်တော့်စိတ်ထဲ တွေးမိတာကတော့ အေဂျက်စ်-အာဆင်နယ်-ဘာစီလိုနာ ၊ အိုဗားမား လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်းပေါ့။ ဒါပေမယ့် သင် ဘာစီလိုနာမှာ တိုက်ရိုက်ကစားခွင့်ရခဲ့တဲ့အချိန်မှာတော့ အိပ်မက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။
ဒီဂျောင်က ငယ်စဉ်ကတည်းက ဘာစီလိုနာအသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့ပေမယ့် အာဆင်နယ်အသင်းကိုလည်း လေးစားကြောင်း ပြောကြားခဲ့ပါတယ်။
"ဘာစီလိုနာ ကစားခဲ့တဲ့ ကစားပုံတွေကို နှစ်ပေါင်းများစွာ ကျွန်တော်ကြည့်ရှုခဲ့ပါတယ်။ ဇာဗီ၊ အင်နီယေစတာ၊ ဘက်စ်ကွက်တို့ပေါ့။ သူတို့ရဲ့ ကွင်းလယ်ကို ကျွန်တော် အမြဲကြည့်ခဲ့ပါတ်။ နောက်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တဲ့ ကျွန်တော့်ရဲ့ idol မက်ဆီလည်း ရှိနေပါသေးတယ်။ နူးကမ့်ဟာ လူငယ်တွေ အားလုံးအတွက် အခွင့်အရေးပဲ ဖြစ်ပါတယ်။ အလားတူပဲ အာဆင်နယ်အသင်းကလည်း ယခင်က တကယ်ကို လှပခဲ့ပါတယ်"လို့ ဒီဂျောင်က ဆိုပါတယ်။
ကွင်းလယ်လူ ရမ်ဆေး ဂျူဗင်တပ်စ်အသင်းကို ထွက်ခွာသွားခဲ့ပြီးနောက် အာဆင်နယ်အသင်းက ကွင်းလယ်လူတစ်ဦးကို ရှာဖွေလျက် ရှိနေပါတယ်။ လက်ရှိမှာတော့ ဆောက်သမ်တန်ကွင်းလယ်လူ လီမီနာကို ချိတ်ဆက်လျက် ရှိနေပါတယ်။

#ဘာစီလိုနာ #ဒီဂျောင်