ရှေ့သို့
Image

ဟီဂူအင်ကို အငှားနဲ့ ခေါ်ယူဖို့ ၀က်စ်ဟမ်းကြိုးစားနေ

8:18 AM, 11 July

ဝက်စ်ဟမ်းအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟီဂူအင်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဟီဂူအင်ဟာ ချဲလ်ဆီးအသင်းမှာ ၄လကြာ ကစားခဲ့ပြီး ၁၈ပွဲမှာ ၅ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းက အပြီးသတ်ခေါ်ယူဖို့ ငြင်းပယ်ခဲ့တာကြောင့် ဟီဂူအင်ဟာ တူရင်ကို ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဟီဂူအင်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂နှစ်စာချုပ် ကျန်ရှိနေပါသေးတယ်။
ဒါပေမယ့် နည်းပြသစ် ဆာရီရဲ့ အနာဂတ် အစီအစဉ်တွေမှာတော့ ဟီဂူအင် မပါဝင်တော့ပဲ ရောင်းချဖို့အတွက် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ စကိုင်းအီတလီရဲ့ အဆိုအရ ၀က်စ်ဟမ်းအသင်းဟာ ဟီဂူအင်ကို တစ်ရာသီအငှား စာချုပ်နဲ့ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဟီဂူအင်အတွက် ပြောင်းရွေ့ကြေး ပေါင် သန်း၄၀အထိ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ ၀က်စ်ဟမ်းအသင်းကတော့ ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူပြီး နောက်ရာသီမှာ အပြီးသတ်ဝယ်ယူဖို့ ဆန္ဒရှိနေပါတယ်။
တိုက်စစ်မှူး အနော်တိုဗစ် ထွက်ခွာသွားခဲ့ပြီးနောက် ၀က်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး ဆယ်လ်တာဗီဂို တိုက်စစ်မှူး မက်ဇီ ဂိုးမက်ဇ်ကို ချဉ်းကပ်ခဲ့ပေမယ့် အဆိုပါ တိုက်စစ်မှူးက ဗလန်စီယာကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

#ဆာရီ #အနော်တိုဗစ်