ရှေ့သို့
Image

ကိုပါအမေရိကဖလား ဗိုလ်လုပွဲက အဲဗက်စ်ရဲ့ ရယ်ရွင်စရာ အပြုအမူတစ်ခု

1:19 PM, 10 July

ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းက ပီရူးအသင်းကို ၃-၁ ဖြင့် အနိုင်ရပြီး ဆုဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဘရာဇီးအသင်းက ဂျီးဆပ်စ်၊ အဲဗာတန်၊ ရစ်ချာလီဆင်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ အသင်းခေါင်းဆောင် ဒန်နီ အဲဗက်စ်က ရယ်ရွှင်စရာ အပြုအမူ တစ်ခုကို ပြုလုပ် သွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ကွင်းလယ်ဒိုင်က ခရာမှုတ်ခဲ့ရာမှာ အဲဗက်စ်က ဒူးထောက်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ ခရာက ပြစ်ဒဏ်ဘောအတွက်သာ မှုတ်ခဲ့တာဖြစ်ပြီး အဲဗက်စ်က စိတ်ပျက်လက်ပျက်နဲ ပွဲကို ဆက်လက် ကစားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ ယခုပြိုင်ပွဲကို အနိုင် ရရှိခဲ့တာဟာ ၁၂ နှစ်အတွင်း ပထမဆုံး ကိုပါအမေရိက ဖလားကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

#ပီရူး #ဒန်နီ အဲဗက်စ် #ကိုပါအမေရိက