ရှေ့သို့
Image

ဒိန်းမတ်သားကို ပေါင် ၁၃၀ သန်း ဈေးခေါ်ပေမယ့် ပေါင် ၆၀ နဲ့ ၇၀ သန်းကြားသာ ပေးချေချင်နေတဲ့ ရီးရဲလ်

8:28 AM, 10 July

စပါးအသင်းကတော့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ပေါင် ၁၃၀ သန်းအထိ ဈေးခေါ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းကတော့ ပေါင် ၆၀ နဲ့ ၇၀သန်း ကြားသာ ပေးချေလိုနေပါတယ်။

အသက် ၂၇ နှစ်သားကတော့ ဒီနှစ် နွေရာသီမှာပဲ အသင်းကနေ ထွက်ခွာပြီး စိန်ခေါ်မှု အသစ်တွေအတွက် အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့လိုနေတာ ဖြစ်ကာ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်စ် ၊ မန်ယူအသင်းတို့က ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ဗုဒ္ဓဟူးနေ့က စပါးအသင်း နဲ့အတူ ပြန်လည် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

တယ်လီဂရက် သတင်းဌာနကတော့ ရီးရဲလ်အသင်းဟာ မန်ယူအသင်း ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာကို အရင်ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ပေါ့ဂ်ဘာကိုသာ မရပါက စပါး ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

စပါးအသင်း ဥက္ကဌ လီဗိုင်းကတော့ ကွင်းလယ် ကစားသမား အဲရစ်ဆင်အတွက် ပေါင် ၁၃၀ သန်း သတ်မှတ်ခဲ့ပေမယ့် ရီးရဲလ်အသင်းကတော့ ပေါင် ၆၀ နဲ့ ၇၀ သန်းကြားသာ ပေးချေလိုနေတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ကွင်းလယ် ကစားသမား အဲရစ်ဆင်နဲ့ စပါးအသင်းတို့ကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာပြီ ဖြစ်ကာ အသင်း တာဝန်ရှိသူတွေကတော့ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး စာချုပ်သစ်သာ အဆင်မပြေပါက ပြန်လည် ရောင်းချဖွယ် ရှိနေပါတယ်။

ထို့အပြင် နောက်ခံလူ အယ်လ်ဒါဝီရယ်ကိုလည်း ပြန်လည် ရောင်းချဖို့ ပြင်ဆင်နေပြီး ပေါင် ၂၅ သန်း ပေးချေမယ့် အသင်းရှိပါက လက်လွှတ်သွားဖွယ် ရှိနေပါတယ်။

#စပါး #လာလီဂါ #အဲရစ်ဆင်