ရှေ့သို့
Image

ဆာရီကို အခ်ိန္မေပးခဲ့တဲ့ ခ်ဲလ္ဆီးကို ေ၀ဖန္တုိက္ခုိက္လုိက္တဲ့ ဇိုလာ

1:05 PM, 9 July

ချဲလ်ဆီးအသင်းဂန္ထ၀င်တိုက်စစ်မှူး ဇိုလာက အသင်းဟောင်းအနေနဲ့ နည်းပြဆာရီကို ထိုက်သင့်တဲ့အချိန်မပေးခဲ့ကြောင်း စွပ်စွဲလိုက်ပြီး ဆာရီအနေနဲ့ ချဲလ်ဆီးပရိသတ်တွေ သူ့ဘက်ပါလာအောင် လုပ်ဆောင်ဖို့ အချိန်လိုအပ်ကြောင်း ဆိုပါတယ်။

ဆာရီဟာ ၂၀၁၈ နွေရာသီကမှ အီတလီတစ်နိုင်ငံတည်းသား ကွန်တီရဲ့နေရာမှာ အစားဝင်မှုအဖြစ် ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး အဲဒီမတိုင်ခင် နာပိုလီအသင်းနည်းပြအဖြစ် ၃နှစ်ကြာတာဝန်ယူခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ အဆင့် ၃နေရာ ရရှိစေခဲ့သလို ယူရိုပါလိဂ်ဖလားလည်း ရယူပေးနိုင်ခဲ့ပြီး လိဂ်ဖလားမှာလည်း စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် ဆာရီဟာ ချဲလ်ဆီးမှာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေက သူ့ရဲ့ကစားပုံနည်းဗျူဟာကို ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် ဆာရီဟာ ချဲလ်ဆီးနည်းပြရာထူးကနေ နုတ်ထွက်ကာ ဂျူဗင်တပ်စ်နည်းပြအဖြစ် ၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဇိုလာလည်း ချဲလ်ဆီးလက်ထောက်နည်းပြရာထူးကနေ ထွက်ခွာခဲ့ရပါတယ်။

ဇိုလာက ဆာရီဘက်ကနေ ကာကွယ်သွားခဲ့ပြီး ''ဆာရီရဲ့အကောင်းဆုံးအရည်အသွေးက ပထမဆုံးနှစ်မှာ မဟုတ်ဘဲ ဒုတိယမြောက်နှစ်ကျမှ တွေ့ရတာပါ။ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို ကြည့်လိုက်ပါ။ ဆာရီဟာ သူလိုချင်တဲ့အရာကို အချိန်ပေးလုပ်ဆောင်ပြီး ကစားသမားတွေဆီကနေလည်း အကောင်းဆုံးအရာတွေ ထုတ်ယူနိုင်စွမ်းရှိပါတယ်''

''ကစားသမားတွေ သူ့နည်းစနစ်မှာ အံဝင်အသားကျလာပြီးနောက် ကစားပုံက ကောင်းသထက်ပိုကောင်းလာပါတယ်။ တကယ်လို့ ချဲလ်ဆီးမှာ ဆာရီ ဆက်ရှိနေရင် အသင်းလည်း ပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်''လို့ ပြောပါတယ်။

#ဆာရီ #ကာဇိုလာ