ရှေ့သို့
Image

ချန်ပီယံလိဂ်ဟီးရိုးအိုရီဂီကို စာချုပ်သစ် ချုပ်ဆိုဖို့ လီဗာပူး အသင်းကြိုးပမ်းနေ

10:06 AM, 9 July

လီဗာပူးအသင်းဟာ တိုက်စစ်မှူး အိုရီဂီကို စာချုပ် သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အိုရီဂီဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့ပြီး နောက်နှစ် နွေရာသီမှာ အလွတ်ပြောင်းရွေ့ရတော့မှာ ဖြစ်ပေမယ့် နည်းပြ ကလော့က အိုရီဂီကို အသင်းမှာ ဆက်ထိန်းထားချင်တာကြောင့် မာဆေးဆိုက်မှာပဲ ဆက်တွေ့ရဖို့ရှိနေပါတယ်။

အိုရီဂီဟာ ၂၀၁၅ ခုနှစ်က လီဗာပူးအသင်းကို ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရပါတယ်။

ဝုဗ်ဘတ်အသင်းကို အငှားသွားရောက် ကစားခဲ့ပေမယ့်လည်း အောင်မြင်မှု မရခဲ့ပဲ ယမန်နှစ် ရာသီက လီဗာပူးအသင်းကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ၃ယောက် နောက်မှာသာ ကစားခဲ့ရပြီး ပွဲထွက်ချိန် နည်းပါးခဲ့ရပေမယ့် အဲဗာတန်၊ ဘာစီလိုနာ၊ စပါး အသင်းတို့ရဲ့ ပွဲစဉ်တွေမှာ အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးခဲ့ပြီး အသင်းကို အကောင်းဆုံး အကျိုးပြုခဲ့ပါတယ်။

လာမယ့်ရာသီမှာတော့ နည်းပြ ကလော့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အိုရီဂီ ခြေစွမ်း ထွန်းထော်လာဦးမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #အိုရီဂီ