ရှေ့သို့
Image

ဝုဗ်ကို ကော်စတာရောက်ရှိဖို့ ၄/၁ အလေးပေးခံထားရ

9:51 AM, 9 July

ပရီးမီးယားလိဂ်ကလပ် ၀ုဗ်အသင်းဟာ အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လောင်းကစား ကုမ္ပဏီတွေကလည်း ၀ုဗ်ကို ကော်စတာ ရောက်ရှိဖို့ ၄/၁ နဲ့ အလေးပေး သတ်မှတ်ထားကြောင်း သိရပါတယ်။ အသက် ၃၀ အရွယ်ရှိ စပိန်လက်ရွေးစင် ကော်စတာဟာ ယခု နွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြိင်္း အထူးသဖြင့် ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

အဲဗာတန်အသင်းက ကော်စတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အခုလည်း ၀ုဗ်က အဲဗာတန်နဲ့ အပြိုင် ကော်စတာကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ကော်စတာရဲ့အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ကလည်း ကော်စတာအနေနဲ့ အင်္ဂလန်ကို ပြန်လာဖို့ ကမ်းလှမ်းမှုတွေ လက်ခံ ရရှိထားတယ်လို့ အတည်ပြုထားပါတယ်။

ကော်စတာဟာ ချဲလ်ဆီးအသင်းမှာ ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ သူဟာ ၃ ရာသီအတွင်း ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ပရီးမီးယားလိဂ် ဆုဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။ ၀ုဗ်ဟာ ယခု နွေရာသီအတွင်း တိုက်စစ်ပိုင်းအတွက် ငွေကြေး အများအပြား သုံးစွဲထားပြီးဖြစ်ကာ ရာအူးလ်ဂျီမီးနက်ဇ်ကို ပေါင် ၃၄ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

#ဝုဗ်