ရှေ့သို့
Image

ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ပေါက်ကွဲခဲ့မိလို့ ဂျီးဆပ်စ် ပြန်လည်တောင်းပန်

5:09 PM, 8 July

ဘရာဇီးအသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ပီရူးကိုအနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ ပေါက်ကွဲခဲ့မိခြင်းအပေါ် ပြန်လည်တောင်းပန်သွားပါတယ်။ စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ အဲဒီပွဲမှာ ကိုယ်တိုင် ၁ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် ဘရာဇီးအသင်းက ၂-၁ ဂိုးနဲ့အနိုင်ရနေချိန် ပြိုင်ဘက်ကစားသမား ကားလို့စ်ဇမ်ဘရာနိုကို ကြမ်းတမ်းစွာကစားမိလို့ ၂၀ါ၊ ၁နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ သူဟာ အဲဒီဆုံးဖြတ်ချက်အတွက် မကျေမနပ်ဖြစ်ကာ ကွင်းထဲကနေအထွက်မှာ ရေဘူးကို အားရပါးရကန်ခဲ့သလို VAR ထားရှိထားတဲ့စင်ကိုလည်း တွန်းထုတ်ခဲ့ပြီး ဥမင်လိုဏ်ခေါင်းအတွင်း ၀မ်းနည်းပက်လက်ငိုကြွေးခဲ့ပါတယ်။ ဘရာဇီးက ရီချာလီဆန်ရဲ့နောက်ကျပင်နယ်တီဂိုးကြောင့် ၃-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဂျီးဆပ်စ်က သူ့အပြုအမူအတွက် တောင်းပန်သွားပေမယ့် အနီကတ်ပြထုတ်ပယ်မခံရသင့်ကြောင်း ဆိုပါတယ်။ ''အနီးအနားမှာရှိခဲ့တဲ့လူတွေကို ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်လည်း အဲဒီအချိန်မှာ ဒေါသထွက်နေလို့ပါ။ စိတ်ခံစားမှုရော ဒေါသထွက်တာရော ရောသွားလို့ပါ''လို့ ဂျီးဆပ်စ်က ပြောပါတယ်။ #ပီရူး #ဂျီးဆပ်စ် #ကိုပါအမေရိက