ရှေ့သို့
Image

ဆဲလ်တာဗီဂို တိုက်စစ်မှူး မက်စီ ဂိုမက်ဇ်ကို စာချုပ်ဖြတ်သိမ်းကြေးအတိုင်း ခေါ်ယူသွားမယ့် ၀က်စ်ဟမ်း

4:20 PM, 8 July

ဝက်စ်ဟမ်းအသင်းဟာ မက်စီ ဂိုမက်ဇ်ရဲ့စာချုပ်ဖြတ်သိမ်းကြေး ပေါင် ၄၄.၈၅ သန်းကို အပြည်အ၀ ပေးချေကာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူသွားဖို့  ရှိနေကြောင်း သိရပါတယ်။

စကိုင်းစပေါ့တ်ရဲ့ဖော်ပြချက်တွင် ဟမ်းမားတွေဟာ ဆဲလ်တာဗီဂို တိုက်စစ်မှူးကို ခေါ်ယူရန် ဆန္ဒရှိနေပြီး နည်းပြ ပယ်လီဂရီနီဟာ လာမယ့်နှစ်တွင် ဥရောပ၀င်ခွင့် တစ်နေရာ ရယူရန် မျှော်လင့်လျက် ရှိပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ယမန်နှစ်က လာဇီယို တောင်ပံကစားသမား ဖီလစ်ပီ အန်ဒါဆန်ကို ပေါင် ၃၆ သန်းဖြင့် ကလပ်စံချိန်တင်ဈေးဖြင့် ၀ယ်ယူထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂိုမက်ဇ်ဟာ ဆဲလ်တာဗီဂိုမှာ ၂ ရာသီတွင် ဂိုး ၃၀ သွင်းယူခဲ့တဲ့နောက် ပယ်လီဂရီနီက ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်တွင် ဟမ်းမားတွေဟာ ဂိုမက်ဇ်ရဲ့စာချုပ်ဖြတ်သိမ်းကြေးကို ပေးချေသွားမှာသာ ခေါ်ယူနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် တစ်ဖက်မှာ ဆဲလ်တာဗီဂိုအသင်းဟာ ဗလင်စီယာအသင်းနဲ့  ဆွေးနွေးမှုတွေ လုပ်နေတာကြောင့် ၀က်စ်ဟမ်းအသင်းဟာ ခြေတစ်လှမ်း နောက်ကျနေပါတယ်။

လာလီဂါကလပ် ဗလင်စီယာဟာ တိုက်စစ်မှူး ဆန်တီမီနာကို အလိုက်ပေးပြီး ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂိုမက်ဇ်ဟာ ပရီးမီးယားလိဂ်သို့ ပိုမို ပြောင်းရွှေ့ရန် စိတ်ပါဝင်စားလျက် ရှိနေတာကြောင့် ၀က်စ်ဟမ်းအတွက် မျှော်လင့်ချက် ရှိနေတာပါ။

လက်ရှိတွင် ၀က်စ်ဟမ်းအသင်းဟာ ဗီလာရီးရဲလ်နဲ့  စပိန်ယူ ၂၁ ချန်ပီယံ ကွင်းလယ် ဖန်တီးရှင် ပါဘလို ဖော်နယ်စ်ကို ခေါ်ယူထားပါတယ်။

#ဝက်စ်ဟမ်း