ရှေ့သို့
Image

OFFICIAL : ရှန်ဟိုင်း SIPG အသင်းကို တရားဝင် ရောက်ရှိသွားပြီဖြစ်တဲ့ အနော်တိုဗစ်

3:57 PM, 8 July

ဝက်စ်ဟမ်း တိုက်စစ်မှူး အနော်တိုဗစ်ဟာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို တရားဝင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နွေရာသီမှာ အသင်းက ထွက်ခွာမယ်လို့ သတင်းကြီးနေခဲ့တဲ့ အနော်တိုဗစ်ဟာ တရုတ်ကလပ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ဇန်န၀ါရီလကလည်း အနော်တိုဗစ်ဟာ အသင်းက ထွက်ခွာခွင့် တောင်းခဲ့ပေမယ့် ၀က်စ်ဟမ်းအသင်းက တစ်ပတ်လုပ် ပေါင် ၁၂၀၀၀၀ ပေးချေကာ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

စကိုင်းစပေါ့ကတော့ အနော်တိုဗစ်ကို အားလုံးက ထွက်ခွာ စေချင်နေကြတာကြောင့် နည်းပါးလွန်းတဲ့ ပြောင်းရွှေ့ကြေးနဲ ရောင်းချခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အနော်တိုဗစ်ဟာ ၀က်စ်ဟမ်းအသင်းမှာ ၅၉ ပွဲ ကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူကာ ၁၀ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ 

#ဝက်စ်ဟမ်း #အနော်တိုဗစ်