ရှေ့သို့
Image

ယူနိုက်တက်ကို ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေတဲ့ ဘရူနို ဖာနန်ဒက်စ်

3:18 PM, 8 July

နောက်ဆုံးရ ပေါ်တူဂီ သတင်းများအရ ဘရူနို ဖာနန်ဒက်စ်ဟာ ယခုနှစ် နွေရာသီအတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ရန် စိတ်အားထက်သန်လျက် ရှိကြောင်း သိရပါတယ်။

ယူနိုက်တက် နည်းပြ ဂန်းနား ဆိုးလ်ရှားဟာ ကွင်းလယ်လူ ပေါ့ပ်ဘာ ထွက်ခွာဖို့ သတင်းတွေ တက်နေတာကြောင့် စပို့ တင်းလစ္စဘွန်း  ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို အစားထိုး ခေါ်ယူလိုနေပါတယ်။

အသက်၂၄ နှစ်အရွယ် ကစားသမားဟာ ပေါ်တူဂီကလပ် နဲ့ အတူ ပြည်တွင်းဖလား၊ အမှတ်ပေးနဲ့  တာကာလီဂါ ဖလားတွေကို ရရှိခဲ့ပြီး ၂၀၁၈-၁၉ ရာသီအတွက် ၃၂ ဂိုးအထိ သွင်းယူထားပါတယ်။

ဂိုးရှေ့ မှာ ကစ်ချက်ပြင်းပြင်းနဲ့  ကန်တတ်တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက် တိုက်စစ်အတွက် အင်ဂျင်တစ်လုံး ဖြစ်လာဖို့ ရှိပါတယ်။

ပေါ်တူဂီသတင်းစာ ဒါမန်ဟာရဲ့ဖော်ပြချက်တွင် ဘရူနိုဟာ ယူနိက်တက်ထံ ရောက်ရှိလိုနေပြီး အေးဂျင့် မီဂွဲလ် ပင်ဟိုဟာလည်း ဗုဒ္စဟူးနေ့ မှာ မန်ချက်စတာသို့  သွားရောက်ညှိနှိုင်းရန် စီစဉ်ထားတယ်လို့  သိရပါတယ်။

ဆက်စပ် သတင်းများအရ ဘရူနိုဟာ ယူနိုက်တက်တွင် တစ်ပတ်လစာ ပေါင် ၁၀၀၀၀၀ ရရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားပေမယ့် ပြောင်းရွှေ့ကြေးကိုတော့ နစ်သင်းကြား မသတ်မှတ်ရသေးဘူးလို့  ဆိုပါတယ်။

ယူနိုက်တက်က ကွင်းလယ်လူအတွက် ပေါင် ၃၂ သန်းသာ ပေးချေလိုနေပေမယ့် စပို့ တင်းကတော့ ပေါင်သန်း ၇၀ အထိ ဈေးကိုင်ထားပြီး သတင်းများကတော့ ပေါင် ၅၃ သန်းဖြင့် နှစ်သင်းကြား သဘောတူညီမှု ရဖို့ များနေပါတယ်။

လက်ရှိတွင် ယူနိုက်တက်ဟာ ဆွမ်ဆီး တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်၊ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ အာရွန် ၀မ် ဘစ်ဆာကာတို့ ကို ခေါ်ယူထားပြီး လက်စတာ နောက်ခံလူ ဟယ်ရီ မက်ဂွါရီ၊ နယူးကာဆယ် ကွင်းလယ်လူ ဆီရန် လောင်းစတက်ဖ်တို့ ကို ထပ်မံ ခေါ်ယူရန် ကြိုးပမ်းလျက် ရှိနေပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဘရူနိုဖာနန်ဒတ်စ်