ရှေ့သို့
Image

“ သူရှုံးတဲ့အခါ ဒါကို လက်ခံဖို့ လိုအပ်ပါတယ်”ဟု မက်ဆီရဲ့ စွပ်စွဲချက်တွေကို ပြန်လည် ချေပလိုက်တဲ့ တီတီ

2:34 PM, 8 July

ဘရာဇီးအသင်းက ကိုပါအမေရိက ဖလားပြိုင်ပွဲကို ထိန်းချုပ်ထားတယ် ဆိုတဲ့ မက်ဆီရဲ့ ဝေဖန် စွပ်စွဲချက်တွေကို ဘရာဇီးနည်းပြ တီတီက ပြန်လည် ချေပ ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေညက မာရာကာနာမှာ ပီရူးကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် တီတီက မိမိတို့ ဘရာဇီး အသင်းကိုလည်း ဒိုင်လူကြီးတွေက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြောင်း ဆိုပါတယ်။

အာဂျင်တီးနားကို ဆီမီးဖိုင်နယ်မှာ ၂ ဂိုးပြတ် အနိုင် ကစားခဲ့တဲ့ တီတီက  “မက်ဆီက သူအနေနဲ့  ရှုံးနိမ့်တဲ့အခါမှာ ဒါကို လက်ခံဖို့ လိုအပ်ပါတယ်။ ပွဲစဉ်များစွာမှာ ကျွန်တော်တို့  ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူကတော့ သူရဲ့ ဂုဏ်သတင်းကြောင့် ဖိအားတွေ အများကြီး ထားခဲ့တယ်။ အာဂျင်တီးနားနဲ့ ပွဲမှာ ကျွန်တော်တို့  တစ်ချိန်လုံး တရားမျှတစွာ ကစားခဲ့ပါတယ်”

ဟု ပြောကြားသွားခဲ့ပါတယ်။

#တီတီ #ကိုပါအမေရိက