ရှေ့သို့
Image

ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ ဒီလစ်ခ်ျ သဘောတူခဲ့ပြီလို့ ရိုင်းအိုလာ ထုတ်ဖော်

2:10 PM, 8 July

အေဂျက်စ် နောက်ခံလူ ဒီလစ်ခ်ျဟာ ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီလစ်ခ်ျကို ဘာစီလိုနာ၊ ပီအက်စ်ဂျီ အသင်းတို့ကလည်း  ကြိုးပမ်းခဲ့ကြပေမယ့် ဂျူဗင်တပ်စ် အသင်းက အသာစီးရခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သတင်းကိုတော့  အေးဂျင့် ရိုင်းအိုလာက ယမန်နေ့ညမှာ ထုတ်ဖော်ခဲ့တာ ဖြစ်ပြီး အေဂျက်စ် အသင်းကသာ ပြောင်းရွှေ့ကြေးကို သဘောတူခဲ့ရင် ဂျူဗင်တပ်စ် အသင်းက ဒီလစ်ခ်ျကို ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

"ဒီလစ်ခ်ျဟာ ဂျူဗင်တပ်စ် နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီခဲ့ပြီ ဖြစ်ပြီး အေဂျက်စ် အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရနိုင်ဖို့ပဲ ကျန်ပါတော့တယ်"လို့ ရိုင်းအိုလာက ဒီတယ်လီဂရက်ဖ်ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ဂျူဗင်တပ်စ် အသင်းက ဒီလစ်ခ်ျကို ယူရို ၅၈.၃ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီလစ်ခ်ျဟာ ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ဖို့ တစ်နှစ်လုပ်ခ ယူရို ၁၀.၇ သန်းနဲ့ သဘော တူညီခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာလည်း အလားတူ ကမ်းလှမ်းမှုမျိုးနဲ့ ဆွဲဆောင်ခဲ့ပေမယ့် ဒီလစ်ခ်ျက ဂျူဗင်တပ်စ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၉.၃ သန်း + အပိုဆုကြေးနဲ့ ဒီလစ်ခ်ျကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

#စီးရီးအေ #ဒီလစ်ဂ်ျ