ရှေ့သို့
Image

ဂျာဒန် ဆန်ချို လာမယ့်ရာသီ ဘယ်အသင်းမှာ ကစားသင့်လဲဆိုတာ အကြံပြုခဲ့တဲ့ ရွန်းနီ

11:10 AM, 8 July

၁၉ နှစ်အရွယ် တောင်ပံကစားသမား ဆန်ချိုဟာ ယမန်နှစ်ရာသီ ဒေါ့မွန်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်ရဲ့ နွေရာသီ အဓိက ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆန်ချိုဟာ ယမန်နှစ်က ၁၂ ဂိုး သွင်းယူကာ ၁၄ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ယခုနှစ်မှာ ရောင်းချသွားမှာ မဟုတ်တာကြောင့် ယူနိုက်တက်အနေနဲ့ လှုပ်ရှားမှု ပြုလုပ်သွားမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် ရွန်းနီကတော့ ဆန်ချိုဟာ ယခုအချိန်မှာ ပွဲထွက်ခွင့် ရရှိရေးသာ အာရုံစိုက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ရွန်းနီက"ဒေါ့မွန်အသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကလည်း ကြီးကျယ် ခမ်းနားပါတယ်။ ဒေါ့မွန်ဟာ လူငယ် ကစားသမားတွေကို ယုံကြည်တာ ဆန်ချိုရဲ့ တိုးတက်မှုကို ကြည့်ရင် သိနိုင်ပါတယ်။ အခု ဆန်ချို ဘယ်သွားသင့်လဲလို့ မေးရင် အင်္ဂလန်ကို ပြောင်းရွှေ့တာထက် ဒေါ့မွန်မှာသာ ဆက်နေသင့်ပါတယ်။ ဒါမှမဟုတ် ဟိုမှာ အရန်ခုံ သွားထိုင်မှာလား?? ဆန်ချိုလို ကစားသမားမျိုး အတွက် ပွဲကစားချိန်က အရမ်း အရေးကြီးပါတယ်။ ဒေါ့မွန်မှာသာ ပွဲထွက်ခွင့် ရမယ်ဆိုရင် အဲ့ဒီမှာပဲ ဆက်နေသင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဆန်ချိုဟာ ယမန်နှစ် နိုဝင်ဘာလက အသင်းနဲ့ ၄ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပေါင် သန်း ၉၀ မရရှိရင် လက်ခံမှာ မဟုတ်ဘူးလို့ ကြေညာထားခဲ့ပါတယ်။

#ဆန်ချို