ရှေ့သို့
Image

ဂရစ်ဇ်မန်းကို ဝေဖန်ပြောဆိုလိုက်တဲ့ အေတီကိုအသင်း ဥက္ကဋ္ဌ ဆီရီဇို

10:01 AM, 8 July

အသင်းမှ ထွက်ခွာဖို့ ရှိနေတဲ့ ဂရစ်ဇ်မန်းအပေါ် သူ့ရဲ့အတွေးအမြင်များကို အေတီကိုအသင်း ဥက္ကဋ္ဌ ဆီရီဇိုက ပြောဆိုလိုက်ပါတယ်။

ဒီညနေမှာ ပြင်သစ်နိုင်ငံသားဟာ အေတီကို အသင်းနဲ့ ပြန်လည် ပေါင်းစည်းမလား ဆိုတာ အားလုံးက စောင့်ကြည့် နေကြပါတယ်။ အဂူရို အသင်းမှ ထွက်ခွာသွားမှုနဲ့ ဂရစ်ဇ်မန်းရဲ့ လက်ရှိ အခြေအနေကို ပြောဆိုခဲ့ပြီးနောက် ဂိုဒင်ရဲ့ထွက်ခွာမှုနဲ့ပါ ဆီရီဇိုက နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

''သူဟာ ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပေမယ့် ပြဿနာတွေက ရှိနေပါတယ်''

''ဂိုဒင်လည်း အသင်းကနေ ထွက်ခွာခဲ့ပြီး ဂရစ်ဇ်မန်းကလည်း ထွက်ခွာ သွားပါလိမ့်မယ်''လို့ ဆီရီဇိုက ဆက်လက် ပြောကြားခဲ့ပါတယ်။ ''အဂူရိုကလည်း အသင်းကနေ ထွက်ခွာသွားခဲ့ပြီး ဂရစ်ဇ်မန်းကလည်း ထွက်ခွာ သွားတော့မှာပါ''

''ကစားသမားတွေက သူတို့ ကစားလိုတဲ့ အသင်းမှာ ကစားကြပါတယ်။ အသင်းမှ ထွက်သွားချင်ရင်တော့ ထွက်ခွာသွားကြပါတယ်။ ပြဿနာတော့ မရှိပါဘူး။ အသင်းမှာသာ ဆက်နေချင်တယ် ဆိုရင်တော့ ကျွန်တော်တို့က ပျော်ရွှင်မိမှာပါ''

''ဘယ်ဥက္ကဋ္ဌပဲ ဖြစ်ဖြစ် အသင်းပဲ ဖြစ်ဖြစ် ပြဿနာ မရှိပါဘူး။ ဒီကိုလာတဲ့ လူတိုင်းကို သူငယ်ချင်းမိတ်ဆွေလို့ သတ်မှတ်ထားပြီး ကြိုဆိုပါတယ်။ ကျွန်တော်တို့ဟာ ပီရက်ဇ်၊ ဘာစီလိုနာ ဥက္ကဋ္ဌ၊ ဆီဗီလာ ဥက္ကဋ္ဌတို့အပြင် စပိန်ရှိ လူတိုင်းနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တို့ဟာ ကစားသမားတွေနဲ့ ပတ်သတ်ပြီး ပြဿနာ ဖြစ်ခြင်း အတိုက်အခံလုပ်ခြင်း မရှိပါဘူး။ ဒါကြောင့် အေတီကိုဟာ ပျော်ရွှင်ဖို့ကောင်းတဲ့ အသင်း ဖြစ်နေတာပါ။ ကျွန်တော်တို့ ဘယ်သွားသွား နှစ်သက်ခြင်းကို ခံရပါတယ်။ အားကစားမှာတော့ ကျွန်တော်တို့က အမြဲတမ်း အနိုင် ရရှိချင်ပါတယ်။ ကျွန်တော် ရှုံးသွားခဲ့ရင်လည်း ပြိုင်ဘက်အတွက် ဂုဏ်ယူနေမိမှာပါ''လို့ ဆီရီဇိုက ပြောပါတယ်။

#လာလီဂါ #ဂိုဒင်