ရှေ့သို့
Image

ယခုနွေရာသီရဲ့ ဈေးအကြီးဆုံး အပြောင်းအရွှေ့ ၁၁ ယောက်စာရင်း

8:53 AM, 8 July

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားများပါဝင်တဲ့အသင်းပေါ်ထွက်လာခဲ့ပြီး အရမ်းကို ကောင်းမွန်တယ်လို့ ပြောနိုင်တဲ့အနေအထားမှာရှိပါတယ်။ အဲဒီအသင်းမှာတော့ ရီးရဲလ်မက်ဒရစ်မှ ကစားသမား လေးယောက်အထိပါဝင်ခဲ့ပါတယ်။ အေဒင်ဟာဇတ်၊ လူကာဂျိုဗစ်၊ အီဒါမီလီတာရိုနဲ့ ဖာလန်မန်ဒီတို့ရဲ့ စုစုပေါင်း ပြောင်းရွှေ့ကြးဟာ ယူရို သန်း ၂၅၀ အထိရှိခဲ့ပါတယ်။ ဈေးအကြီးဆုံးကစားသမားစာရင်းထဲမှာတော့ အေတီကိုဟာ ဂျာအိုဖီးလစ်ကိုခေါ်ယူဖို့အတွက် ယူရို ၁၂၆ သန်း အထိ အသုံးပြုထားပါတယ်။ အက်သလက်တီကိုအသင်းဟာ ရိုဒရီနဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်တို့ကို မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ထံ အသီးသီးရောင်းချရမှုကနေ ယူရိုသန်း ၁၅၀ အထိရရှိခဲ့ပါတယ်။ ဆီလက်ဆန်က ယူရို ၃၅သန်း၊ ၀မ်ဘစ်ဆာကာက ယူရို ၅၅သန်း၊ အန်ဒွန်ဘီလီက ယူရို သန်း ၆၀ နဲ့ ဒီဂျောင်က ယူရို ၇၅သန်း တို့ပဲဖြစ်ကြပါတယ်။ အဲဒီကစားသမားစုစုပေါင်း ၁၁ ယောက်တန်ကြေးက ယူရို ၇၅၉ သန်းပဲဖြစ်ပါတယ်။ #ဂျာအိုဖီးလစ် #၀မ္ဘစ္ဆာကာ