ရှေ့သို့
Image

ကိုပါအမေရိကဖလားဗိုလ်လုပွဲ၊ ဘရာဇီး - ပီရူး ပွဲကြိုခန့်မှန်းချက် (နံနက် ၂း၃၀)

6:36 PM, 7 July

ကစားမယ့်ကွင်း - ဖီနို (ရီယိုဒီဂျနေးရိုး)

ကစားမယ့်နေ့ - ၈.၇.၂၀၁၉၊ တနင်္လာနေ့၊ နံနက် ၂း၃၀(မြန်မာစံတော်ချိန်)

အိမ်ရှင်ဘရာဇီးအသင်း အခြေအနေ

ဘရာဇီးဟာ ဒီပြိုင်ပွဲတစ်လျှောက် တစ်ဂိုးမှမပေးရသေးဘဲ အုပ်စုပွဲတုန်းကလည်း လက်ရှိဗိုလ်လုပွဲပြိုင်ဘက် ပီရူးကို ၅ဂိုးပြတ်အနိုင်ရရှိထားပြီး ချန်ပီယံဖြစ်ဖို့လည်း အတော်လေးရေပန်းစားနေပါတယ်။

ပီရူးအသင်း အခြေအနေ

ဆီမီးဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံ ချီလီကို အံ့အားသင့်ဖွယ်ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပီရူးဟာ အရင်ပွဲတွေနဲ့အဲဒီပွဲမှာ ကစားသွားတဲ့ခြေစွမ်းက အတော်လေးကွာခြားသွားပြီး ဒီပွဲမှာလည်း ဖိအားကင်းကင်းကစားနိုင်မှာသေချာပါတယ်။

ခန့်မှန်းချက်

ဘရာဇီးက အိမ်ရှင်လည်းဖြစ်၊ ကစားသမားစုဖွဲ့မှုလည်း ပိုသာ၊ အုပ်စုတွင်းမှာလည်း ၅ဂိုးပြတ်အနိုင်ရထားလို့ ဒီပွဲမှာလည်း အကျောပေးမှုတွေ အတော်လေးပြင်းလာပါတယ်။

ဘရာဇီးက မူလဖွင့်လှစ်မှု ၁-၆၅ ကနေ ၂+၉၀ ဖြစ်လာပြီး ဂိုးပေါင်းကြေးကလည်း ဘရာဇီးရဲ့ခံစစ်ဒီလောက်ကောင်းနေချိန်မှာတောင် မူလဖွင့်လှစ်မှု ၂-၆၀ ကနေ ၂-၈၅ ဖြစ်လာပါတယ်။

ဘော်ဒီကြေးတက်နေချိန်မှာ ဂိုးပေါင်းကြေးကပါ လိုက်တက်နေလို့ ဘော်ဒီအပေါ်က ကြေးပြောင်းသီအိုရီနဲ့ကွက်တိဝင်နေပြီး ဘရာဇီးရဲ့ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရဖို့ များနေပါတယ်။

#ပီရူး #ပွဲကြိုသုံးသပ်ချက် #ကိုပါအေမရိက