ရှေ့သို့
Image

အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ အမေရိကန် - နယ်သာလန် ပွဲကြိုခန့်မှန်းချက် (ည ၉း၃၀)

5:26 PM, 7 July

လက်ရှိကမ္ဘာ့ချန်ပီယံနဲ့ လက်ရှိဥရောပချန်ပီယံတို့ရဲ့အားပြိုင်ပွဲဖြစ်ပါတယ်။ အမေရိကန်က ဗိုလ်လုပွဲကို ၃ကြိမ်ဆက်တက်ရောက်နိုင်တဲ့ပထမဆုံးအသင်းအဖြစ် စံချိန်တင်ထားပြီး ၂၀၁၁ ဗိုလ်လုပွဲမှာ ဂျပန်ကို အရေးနိမ့်ခဲ့ပေမယ့် ၂၀၁၅ ဗိုလ်လုပွဲမှာတော့ ဂျပန်ကိုပဲ ဂိုးပြတ်ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ နောက်ပြီး ဒီအဆင့်ကို တက်ရောက်နိုင်ခဲ့ရာမှာ စပိန်၊ အိမ်ရှင်ပြင်သစ်၊ နာမည်ကြီး အင်္ဂလန် အစရှိတဲ့ ဥရောပအင်အားကြီးအသင်းတွေကို ကျော်ဖြတ်ခဲ့လို့ နယ်သာလန်အတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာသေချာပါတယ်။ နယ်သာလန်ကလည်း ခြေစွမ်းထက်မြက်နေပြီး ရှုံးထွက်အဆင့်မှာ ချန်ပီယံဟောင်း ဂျပန်ကို ကျော်ဖြတ်ခဲ့သလို ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာလည်း အီတလီနဲ့ ဆွီဒင်တို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အမေရိကန်ရဲ့အကျောပေးမှုက မူလဖွင့်လှစ်မှု ၁= ကနေ ၁-၄၅ ဖြစ်လာပြီး ဂိုးပေါင်းကတော့ ၂-၁၀၀ မှာပဲ ငြိမ်သက်နေပါတယ်။ ၄၅ပြားနဲ့ အပြည့်ရင်းရမယ့်ပွဲဖြစ်ပြီး အမေရိကန်ဘော်ဒီတစ်ကွက်တည်း ကစားချင်ပါတယ်။

#ပှဲကွိုသုံးသပျခကျြ #အမျိုးသမီးကမ္ဘာ့ဖလား